မြေပဲ၊နှမ်း၊အသစ်ဝင်ပဲမာလိုင်းများဆက်လက်ဈေးကောင်းရ

ပြည်တွင်းဒေါ်လာဈေးတည်ငြိမ်လာခြင်းနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ၊ နှမ်း၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ

မြေပဲ၊နှမ်း၊အသစ်ဝင်ပဲမာလိုင်းများဆက်လက်ဈေးကောင်းရ

ပြည်တွင်း၌ ဒေါ်လာငွေပေါက်ဈေးမှာ အမြင့်ဆုံး တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ၁၀ရက် အတွင်း တည်ငြိမ်နေကာ ပို့ကုန်ရငွေ ဒေါ်လာပေါက်ဈေးမှာလည်း ကွာခြားမှုမရှိခြင်းကြောင့် ပဲ၊နှမ်းဈေးကွက်၏ ပို့ကုန်ပဲဈေးများ အနည်းငယ်ကျဆင်းသွားပြီး ပစ္စည်းအဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။

ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပေါက်ဈေးမှာ တက်ဈေးကနေ အနည်းငယ်ကျသွားခြင်းကြောင့် ဇန်နဝါရီ လကုန်ပိုင်းတွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်ကျပ် ၁၂၆၀၀၀၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၂၉၀၀၀ ပေါက်ဈေး ဖြစ်သွားသည်။

မြေပဲဆံဈေးကွက်မှာ အမျိုးအစားအလိုက် တစ်ပိသာကျပ် ၅၀-၁၀၀ ကြား ဆက်လက်ဈေးမြင့်လာသည်။ နှမ်းနက်များမှာလည်း ပစ္စည်းဝင်ရောက်မှုနည်းလာခြင်းကြောင့် နှမ်းနက်အလတ်စများပင် တစ်အိတ်ကျပ် ၂၀၀၀၀၀ အထက် ဈေးကောင်းရလာသည်။

ယခုသီတင်းပတ်တွင် ပို့ကုန်ပဲ နှစ်မျိုးမှလွဲ၍ အခြား မြေပဲ၊ နှမ်းနှင့် အသစ်ဝင်ပဲမာလိုင်းများ ဆက်လက် ဈေးမြင့်တက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ ဇန်နဝါရီလကုန်ပိုင်းရက်များတွင် ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်နေတာကြောင့် ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ ပေါက်ဈေးမှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ရာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄၀၀၀ ခန့် လျော့ကျခဲ့သည်။ ဇန်နဝါရီ ၂၇ ရက်နေ့ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၆၀၀၀ ၊ ပဲစင်းငုံမှာပိဿာ ၆၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၂၉၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးကွက်အတွင်း ပစ္စည်းဝင်ရောက်မှုအားလည်း ကောင်းလာခြင်းကြောင့် အရောင်းအဝယ်ကောင်းနေသည်။

နှမ်းနက်၊ မြေပဲ၊ မြေထောက်ပဲ နှမ်းနက် ထိပ်စဈေးများကတော့ အပြောင်းအလဲမရှိ အဝယ်ကောင်းနေပြီး ဇန်နဝါရီလ ၂၇ရက်နေ့တွင် နှမ်းနက်ထိပ်စ သုံးတင်းဝင်တစ်အိတ်ကျပ် ၂၂၀၀၀၀ ဈေး ရှိနေသည်။ အရည်အသွေးအလိုက် အဝယ်ရှိနေရာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၇၀၀၀၀-၁၉၀၀၀၀- ၂၁၀၀၀၀ ပေါက်ဈေးရှိ နှမ်းနက် အလတ်စများ အရောင်းအဝယ် သွက်နေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၅၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက်လာသည်။

မြေပဲဆံများသည် မြေပဲဆီဈေးမတက်သော်လည်း ဆီစက်ပိုင်များ ဝယ်လိုအားကောင်းသဖြင့် ဇန်နဝါရီလဆန်းထက် တစ်ပိဿာကျပ် ၂၅၀-၃၀၀ ခန့် ဈေးမြင့်တက်လာသည်။ မြေပဲလုံးဆံများသည် တစ်ပိဿာကျပ် ၃၃၀၀ လောက် ပေါက်ဈေးဖြစ်လာသည်။

ယခုအပတ် ထူးခြားသည်မှာ အသစ်စဝင်ရောက်စဉ်က မြေထောက်ပဲ တစ်အိတ် ကျပ် ၁၅၇၀၀၀-၁၅၈၀၀၀ ရှိရာက အဝင်များလာခြင်းကြောင့် တစ်အိတ်ကျပ် ၁၄၀၀၀၀ လောက်သာပေါက်ဈေးရှိလာသဖြင့် တစ်အိတ်ကျပ် ၁၇၀၀၀ ခန့် ဈေးကျဆင်းသွားသည်။

ပဲဈေးကွက်အတွင်းဝင်ရောက်လာသည့် ပို့ကုန်ပဲများ အနည်းငယ်ဈေးကျဆင်းသွားသော်လည်း အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၃၅၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၄၃၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၅၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၅၅၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၁၀၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ်၅၇.၂၅ ပိသာ ကျပ်၁၃၅၀၀၀ ဖြင့် အမြင့်ဈေးရှိနေသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/a9d13528c4/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:52 下午
下一篇 2月 23, 2022 2:53 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....