မြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူး

မြန်မာနိုင်ငံမှထုတ်လုပ်သည့် ကိုဗစ်ကုသဆေး MOLNUPAC 200 အား စတင်ဖြန့်ဖြူး

မြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူး

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ ကိုဗစ်ကုသဆေးတစ်မျိုးဖြစ်သော “MOLNUPAC 200” အား ထုတ်လုပ်အောင်မြင်ပြီး မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDA မှ ခွင့်ပြုချက်ရရှိခဲ့ကာ စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း အဆိုပါစက်ရုံက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့်မှီ အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd မှ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပညာရှင်များက အမေရိကန်နိုင်ငံ US FDA မှ Emergency Use Authorization (EUA) အဖြစ်ခွင့်ပြုခဲ့ပြီး “ကမ္ဘာ့ပထမဆုံး Covid-19 ရောဂါကုသဆေး” သောက်ဆေးအဖြစ် UK MHRA (UK’s Medicines and Healthcare products Regulatory Agency) မှခွင့်ပြုချက်ရထားသည့် Molupiravir ကို MOLNUPAC 200 အမည်ဖြင့် ပြည်တွင်းမှာပင် အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်၍ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူးမြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူးမြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူးမြန်မာနိုင်ငံမှထုတ်လုပ်သည့်MOLNUPAC 200စတင်ဖြန့်ဖြူး

အဆိုပါကိုဗစ်ကုသဆေးဝါး (သောက်ဆေး)အဖြစ် အသုံးပြုနေကြပြီဖြစ်သော Molnupiravir ဆေးအား MOLNUPAC 200 အမည်ဖြင့် မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDA မှလည်း ခွင့်ပြုချက် ထောက်ခံစာအမှတ် ( 2302ND002) ဖြင့် ရရှိခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

Pacific Medical Industries Ltd မှ ထုတ်လုပ်လိုက်သော MOLNUPAC 200 နှင့် MOLNUPAC 400 ဆေးတွင် Molnupiravir 200mg နှင့် 400mg ဟူ၍ strength (၂) မျိုးရှိပြီး Anti-viral ဟုခေါ်သော ဗိုင်းရပ်စ်ပိုးသတ်ဆေး အုပ်စုဝင်သောက်ဆေးအမျိုးအစားဖြစ်သည်။

မြန်မာနိုင်ငံအတွင်းစျေးကွက်တွင် တရားမဝင်နည်းလမ်းများဖြင့် တင်သွင်းရောင်းချနေသော တရားဝင်မှတ်ပုံတင်မရှိသည့် အရည်အသွေးသံသယဖြစ်ဖွယ်ရာ Molnupiravir ဆေးများမှာ စျေးနှုန်း  သိန်းဂဏန်းကျပ်ကျော်ဖြင့် အလွန်မြင့်မားသည့်အပြင် ဆေးဝါးအရည်အသွေး အာမခံချက်မရှိခြင်းနှင့် ဆေးဝါးအတုများ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်များမှာ လွန်စွာကြီးမားလှသောကြောင့် မိမိတို့ Pacific Medical Industries Ltd မှ ထုတ်လုပ်အောင်မြင်ခဲ့သော MOLNUPAC 200 (Molnupiravir 200mg) ဆေးအား အကျိုးအမြတ် ပဓာနမထားပဲ ပြည်သူ့ကျန်းမာရေးအတွက်ရှေးရှု၍ လူနာတစ်ဦးစီအတွက် သင့်တင့်မျှတသောစျေးနှုန်း one course (MOLNUPAC 200mg အလုံး ၄၀) စာအတွက် ၃၉,၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ကောင်းကောင်း

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/7b15f4596f/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:41 下午
下一篇 2月 23, 2022 2:43 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....