မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လားရှိုးမြို့ပေါ်ရပ်ကွက်နေအိမ်အချို့မိုးရေ၀င်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လားရှိုးမြို့ပေါ်ရပ်ကွက်နေအိမ်အချို့မိုးရေ၀င်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လားရှိုးမြို့ပေါ်ရပ်ကွက်နေအိမ်အချို့မိုးရေ၀င်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သြဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက   မြို့ပေါ်ရပ်ကွက်အချို့အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ နေအိမ်အတွင်းအထိမိုးရေ၀င်ခဲ့သည်ဟုသိရသည်။

“အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ရပ်ကွက် ၁ နယ်မြေ ၉ ရပ်ကွက် ၁၂နဲ့
ရပ်ကွက် ၉ ဘက်က နေအိမ်အချို့ မိုးရေ၀င်တာပါ။ မနက် ၉ နာရီလောက်မှာ ရေပြန်ဆုတ်သွားပါတယ် ။ လူနဲ့တိရိစ္ဆာန်သေတာ၊ ပျက်စီးတာ၊ ပစ္စည်းတွေရေမျောတာ မရှိပါဘူး။ လိုအပ်တဲ့နေရာတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ချက်ခြင်း သွားကူကြပါတယ်” ဟုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦး ကပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လားရှိုးမြို့ပေါ်ရပ်ကွက်နေအိမ်အချို့မိုးရေ၀င်မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်လားရှိုးမြို့ပေါ်ရပ်ကွက်နေအိမ်အချို့မိုးရေ၀င်

လားရှိုးမြို့ပေါ်တွင် သြဂုတ်လ(၂၆)ရက်နေ့ ည ၁၀နာရီခန့်ကမိုးစတင်ရွာပြီး အဆက်မပြတ်ရွာသွန်းခဲ့ခြင်း‌ကြောင့် နေအိမ်အချို့ သြဂုတ်လ(၂၇)ရက်နေ့ နံနက် ၄နာရီခန့်က စတင်ရေ၀င်ရောက်လာကြောင်း၊ နံနက်၆နာရီ ၀န်းကျင်မှ မိုးရွာသွန်းမှုရပ်တန့်ခဲ့ကြောင်း၊ မိုးသည်းထန်မှုကြောင့်တောင်ကျရေများ အရှိန်အဟုန်
ဖြင့် စီးဆင်းလာကာ လမ်းမများပေါ်ကတဆင့် နေအိမ်များအတွင်းရေ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေသူဇော်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/01/%e1%80%99%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%80%e1%80%ba%e1%80%99%e1%80%95%e1%80%bc%e1%80%90%e1%80%ba%e1%80%9b%e1%80%bd%e1%80%ac%e1%80%9e%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 30, 2022 2:36 下午
下一篇 9月 1, 2022 9:06 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....