ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ ပါတီဥက္ကဋ္ဌ ဖြစ်လာ
နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပခဲ့သော တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) ဒုတိယနေ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်တင်မြှောက်ခဲ့ပြီး ဦးခင်ရီ သည် ပါတီဥက္ကဋ္ဌအသစ် ဖြစ်လာခဲ့ကြောင်း သိရသည်။
“ဒီကနေ့ပြုလုပ်တဲ့ ပါတီညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်သစ်တွေ ရွေးချယ်ခဲ့ပြီး ဦးခင်ရီ က ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒုတိယဥက္ကဋ္ဌတွေက အရင်အတိုင်းပဲ ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းပါ။ တွဲဖက်အထွေထွေအတွင်းရေးမှူးက ဦးတင်အောင်ချစ် ဖြစ်ပါတယ်” ဟု ဗဟိုကော်မတီဝင်တစ်ဦး က ပြောသည်။
ဥက္ကဋ္ဌသစ် ဖြစ်လာသူ ဦးခင်ရီသည် ယခင်က ရဲချုပ်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပါတီဝင်များ၏လုံခြုံရေးနှင့် ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးကို ဦးဆောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌအဖြစ် ရွေးချယ်အပြီး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂)ကို အောက်တိုဘာ ၄ရက်မှ ၆ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ (၅)ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) သတင်းစာရှင်းလင်းပွဲကို ပါတီဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဗဟိုအလုပ် အမှုဆောင် ဦးပိုက်ထွေးနှင့် ဦးသောင်းအေး တို့ တက်ရောက်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/06/%e1%80%80%e1%80%bc%e1%80%b6%e1%80%b7%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%ae-%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%a1%e1%80%9c/