မန္တလေးတွင် လမ်းဘေးရပ်ထားသော ခွေးဘီလူးကားတစ်စီး အခိုးခံရ

မန္တလေးတွင် လမ်းဘေးရပ်ထားသော ခွေးဘီလူးကားတစ်စီး အခိုးခံရ

မန္တလေးတွင် လမ်းဘေးရပ်ထားသော ခွေးဘီလူးကားတစ်စီး အခိုးခံရ

မန္တလေးမြို၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၆၂ လမ်းနှင့်၆၃လမ်းကြားတွင် ဒီဇင်ဘာလ ၂ရက် မွန်းလွဲ ၁နာရီခန့်က လမ်းဘေးရပ်ထားသော ခွေးဘီလူးကားတစ်စီး အခိုးခံခဲ့ရကြောင်း ကားပျောက်ဆုံးသူ၏ မိသားစုဝင်တစ်ဦးမှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပျောက်ဆုံးသွားသည့်ကား၏ ယာဉ်နံပါတ်မှာ 4G/ 5892ဖြစ်ပြီး ယာဉ်အမျိုးအစားမှာ SUZUKI Multicap ဖြစ်ကာ အဆိုပါကားအားတွေ့ရှိပါက ဖုန်းနံပါတ် ၀၉၅၀၄၃၇၉၉သို ဆက်သွယ်အကြောင်းကြားရန်ကိုလည်း ရေးသားဖော်ပြထားသည်။

မန္တလေးတွင် လမ်းဘေးရပ်ထားသော ခွေးဘီလူးကားတစ်စီး အခိုးခံရ

“ဒီရက်ပိုင်းမှာ ခိုးတာတွေ၊ လုယက်တာတွေ များလာတယ်။ တစ်ခါတရံမှာ အသက်အန္တရာယ်ဖြစ်လောက်တဲ့ ရန်ရှာတာတွေလည်း ကြုံနေကြရတယ်။ ကိုယ့်မိတ်ဆွေတွေထဲမှာကို ကြုံခဲ့ရတာတွေ ရှိတယ်။ ဓားပြတိုက်သလို အိမ်ထဲဝင်ပြီး လုယက်တာတွေလည်း ရှိလာတယ်။ ပြီးခဲ့တဲ့ရက်ကပဲ ဖုန်းဆိုင်မှာ ဓားပြတိုက်ခံရတာကို သတင်းဖတ်လိုက်ရသေးတယ်။ အခုအချိန်မှာတော့ အပြင်ထွက်တဲ့အခါ သတိဝိရိယရှိရှိ သွားလာဖို့ လိုပါတယ်။ မလိုအပ်ဘဲ အပြင်မထွက်တာ အကောင်းဆုံးပါပဲ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%98%e1%80%b1%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%91/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 15, 2022 9:12 下午
下一篇 12月 15, 2022 9:13 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....