နှစ်သုံးဆယ်ပြည့်မင်္ဂလာမဂ္ဂဇင်း ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲ မန္တလေးမြို့တွင် ကျင်းပ
နှစ်သုံးဆယ်ပြည့် မင်္ဂလာမဂ္ဂဇင်း ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲ၏ ဒုတိယပွဲစဉ်အား ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျွဲရေကုန်းကျေးရွာရှိ ရွှေခြင်းလုံး အဆင့်မြင့်ပိုက်ကျော်ခြင်းအားကစားရုံတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါချစ်ကြည်ရေးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ခေတ်ကျောင်းသား၊ ရွှေခါးပတ်၊ ဆည်းတည်ဘို ပိုက်ကျော်ခြင်းအဖွဲ့မျာက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် တော်ဝင်ခြင်းရတနာအသင်းက ဝိုင်းခြင်းဖြင့် မြန်မာ့ရိုးရာခြင်း အလှခတ်ဖျော်ဖြေကြသည်။
“ပိုက်ကျော်ခြင်းချစ်ကြည်ရေးပြိုင်ပွဲမှာ ဝန်ကြီးဌာနလက်ရွေးစင်တွေ၊ တိုင်းလက်ရွေးစင်တွေလည်း ပါတယ်။ နိုင်ငံတကာနည်းစနစ်အတိုင်းပဲ ၃ ယောက်တစ်တွဲပြိုင်ကြတာပါ။ လက်ခံကျင်းပတဲ့ ရွှေခြင်းလုံး အဆင့်မြင့်ပိုက်ကျော်ခြင်းအားကစားရုံက ပိုက်ကျော်ခြင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားသမားတွေကို စဉ်ဆက်မပြတ် မြှင့်တင် မွေးထုတ်ပေးနေပါတယ်။ ပိုက်ကျော်ခြင်းကစားသမား ၃၀ ကျော်ကို ရွှေခြင်းလုံးအသင်းကနေ ပံ့ပိုးပေးထားတယ်။ မျိုးဆက်သစ်ကစားသမားတွေ ပေါ်ထွက်ရေး၊ ပိုက်ကျော်ခြင်းထွန်းကားရေးအတွက် ရည်ရွယ်လုပ်ဆောင်နေပါတယ်။ လစဉ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွေ လုပ်ပေးနေပါတယ်” ဟု ရွှေခြင်းလုံးအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် အမှုဆောင် ဦးထက်ဇော် ကပြောသည်။
အဆိုပါချစ်ကြည်ရေးပြိုင်ပွဲ၏ ပထမပွဲစဉ်အား ရန်ကုန်မြို့၌ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာရှိ မြန်မာဘာသာ မင်္ဂလာမဂ္ဂဇင်း တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်နှစ် ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်သူပြည်သားတို့အကြား နက်ရှိုင်းသော ချစ်ကြည်ရေးကို လက်ဆင့်ကမ်းရန်အတွက် မင်္ဂလာမဂ္ဂဇင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပိုက်ကျော်ခြင်းအားကစားသမားများပါဝင်သည့် ပြိုင်ပွဲများကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် ၃ နေရာခွဲ၍ ကျင်းပခြင်းဖြစ်သည်။
“မင်္ဂလာ”မဂ္ဂဇင်း ခြင်းလုံးချစ်ကြည်ရေးပြိုင်ပွဲ (ခြင်းလုံး Flash Mob လှုပ်ရှားမှု)သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတကာပြန်ကြားရေးစင်တာမှ ဦးစီးကျင်းပပြီး တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီပြန်ကြားရေးဌာနနှင့် Myanmar Grand Mekong-Andaman Group Co.,Ltd တို့ ပူးတွဲကျင်းပကြောင်း သိရပါသည်။
ကိုခန့်
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%9a%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%99%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%9c/