“မင်္ဂလာ”မဂ္ဂဇင်းနှစ်(၃၀)ပြည့်Twin Cityဖိုရမ်ကျင်းပ

“မင်္ဂလာ”မဂ္ဂဇင်း တည်ထောင်ခြင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ်အစီအစဉ်များနှင့် (၂၀၂၂)ခုနှစ် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရမ်ကျင်းပ

“မင်္ဂလာ”မဂ္ဂဇင်းနှစ်(၃၀)ပြည့်Twin Cityဖိုရမ်ကျင်းပ

“မင်္ဂလာ”မဂ္ဂဇင်း တည်ထောင်ခြင်း နှစ်(၃၀)ပြည့် အထိမ်းအမှတ်အစီအစဉ်များနှင့် (၂၀၂၂)ခုနှစ် တရုတ်-မြန်မာမီဒီယာ Twin City ဖိုရမ်ကို ဒီဇင်ဘာလ (၂၈)ရက်‌နေ့နှင့် (၂၉)ရက်နေ့တို့တွင် တယ်ဟုန်တိုင်တိုင်းရင်းသား၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်မှုပုံစံဖြင့် ကျင်းပခြင်းဖြစ်ပြီး “တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် မီဒီယာခွန်အား ပံ့ပိုးပေးခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနား၌ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wang Hao နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တို့မှ ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ဆက်လက်ပြီး တရုတ်-မြန်မာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းအချက်အလက်စင်မြင့် အွန်လိုင်းတင်ခြင်းအခမ်းအနား၊ တတိယအကြိမ်မြောက် “ပိုးလမ်းမပုံရိပ်” အပြည်ပြည်ဆိုင်ရာဗီဒီယိုအတို တယ်ဟုန်ဗီဒီယိုပွဲတော် ဆုပေးပွဲအခမ်းအနားကိုလည်း ကျင်းပသည်။

“မင်္ဂလာ”မဂ္ဂဇင်းနှစ်(၃၀)ပြည့်Twin Cityဖိုရမ်ကျင်းပ“မင်္ဂလာ”မဂ္ဂဇင်းနှစ်(၃၀)ပြည့်Twin Cityဖိုရမ်ကျင်းပ

ထို့အတူ အခမ်းအနားတွင် “မင်္ဂလာနှစ်(၃၀)” တရုတ်-မြန်မာချစ်ကြည်ရေး သီချင်းကို ထုတ်လွှင့်ပြသခဲ့ပြီး “မင်္ဂလာနှစ်(၃၀)”မဂ္ဂဇင်း မျက်နှာဖုံးများနှင့် စာမျက်နှာအပြင်အဆင်များပြပွဲ၊ တရုတ်-မြန်မာ “မင်္ဂလာ”စျေးတန်းကိုလည်း ဖွင့်လှစ်ပြသခဲ့သည်။

အဆိုပါဖိုရမ်သည် တရုတ်-မြန်မာ လူနေမှု ယဉ်ကျေးမှု၊ စီးပွားရေး အပြန်အလှန်ဆက်သွယ်ရေး အပိုင်းကဏ္ဍများအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုရရှိစေရန် ဦးတည် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေပြီး တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း၏ အကြောင်းအရာများကို ပြောဆိုသွားကြသည်။

အဆိုပါအခမ်းအနားအား ယူနန်ပြည်နယ်ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးပြီး ယူနန်‌နေ့စဉ်သတင်းစာလုပ်ငန်းအုပ်စု၊ ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာဆက်သွယ်‌ရေး စင်တာ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ပံ့ပိုးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/31/%e1%80%99%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%9c%e1%80%ac%e1%80%99%e1%80%82%e1%80%b9%e1%80%82%e1%80%87%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%81%83/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 31, 2022 9:58 上午
下一篇 1月 8, 2023 6:54 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....