ဝယ်လိုအားမြင့်တက်လာ၍ ပြည်တွင်းသကြားဈေး မြင့်လာ

ဝယ်လိုအားမြင့်တက်လာ၍ ပြည်တွင်းသကြားဈေး မြင့်လာ

ဝယ်လိုအားမြင့်တက်လာ၍ ပြည်တွင်းသကြားဈေး မြင့်လာ

သကြားကုန်ကြမ်းအသုံးပြုသည့် စက်ရုံများ လည်ပတ်ခြင်းဖြင့် ဝယ်လိုအား မြင့်တက်လာသောကြောင့် ပြည်တွင်းသကြားဈေးမြင့်လာရာ လက်ရှိတွင် တစ်ပိဿာ ငွေကျပ် ၂၆၀၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။

ပြည်တွင်း၌ သကြားစက်ပေါင်း ၃၀ ခန့်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် သကြားစက် အသစ်နှစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ခု၊ စုစုပေါင်း လေးခု စက်ရုံအသစ် တိုးလာမည်ဖြစ်ရာ သကြားထုတ်လုပ်မှု ပိုမိုလာမည် ဖြစ်သည်။

“ပြည်တွင်းစားသုံးမှုနဲ့ မုန့် ထုတ်လုပ်တဲ့ စက်ရုံတွေလည်ပတ်လာတာနဲ့အမျှ ဝယ်လိုအားကြောင့် သကြားဈေး မြင့်လာတယ်။ ဒီဈေးနဲ့ပဲ တည်တည်ငြိမ်ငြိမ် ရှိသွားမှာပါ။ သကြားမှာ သုံးမျိုးရှိပေမယ့်  White Sugar နဲ့ Refile Sugar က ဈေးသိပ်မကွာဘူး။ White Sugar ပေါက်ဈေးနဲ့ သကြားဈေး တွက်ချက်သတ်မှတ်တယ်” ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက သကြားတစ်ပိသာလျှင် ငွေကျပ် ၂၃၀၀ ဝန်းကျင်ရှိခဲ့ရာ တဖြည်းဖြည်း ဈေးမြင့်တက်လာပြီး လက်ရှိတွင် ငွေကျပ် ၂၅၅၀-၂၆၀၀ ပေါက်ဈေးရှိလာကြောင်း၊ သကြားဈေး မြင့်တက်လာခြင်းကြောင့် စက်ရုံများ၏ ကြံဝယ်ဈေးမှာလည်း တစ်တန်လျှင် ငွေကျပ် ၈၀၀၀၀ မှ ၉၀၀၀၀ ဝန်းကျင် တိုးမြင့်လာကြောင်း သိရသည်။
ဝယ်လိုအားမြင့်တက်လာ၍ ပြည်တွင်းသကြားဈေး မြင့်လာ
“ပြည်ပပို့တာက အရင်စာချုပ် ချုပ်ထားတဲ့ ဗီယက်နမ်ကို တင်ပို့နေတာ တန်ချိန် ၅၀၀၀ လောက် ရှိပြီ။ ပြည်တွင်းစားသုံးမှု လုံလောက်ဖို့၊ နောက်ထပ် ပြည်ပပို့ဖို့ အစီအစဉ် မရှိသေးဘူး။ ကြံကို ကြိတ်ဝါးတဲ့ သကြားစက်တွေလည်း လေးခုလောက် တိုးလာမှာဆိုတော့ ကြံလိုအပ်ချက် များလာမှာဖြစ်သလို စိုက်ဧကလည်း တိုးချဲ့ဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းမှ ကြံကို ကြိတ် ဝါး၍ သကြားထုတ်လုပ်သည့်စက်ရုံများမှ သကြားအဖြစ် အများဆုံး ထုတ်လုပ်ပြီး ကြံသကာအဖြစ် အနည်းငယ် ထုတ်လုပ်ကြောင်း၊ ပြည်ပို့တင်ပို့မှုတွင် ဗီယက်နမ်သို့ သကြားတန်ချိန် ၅၀၀၀၀ ခန့် ရောင်းချရန် ၂၀၂၂ ခုနှစ်က သဘောတူထားပြီး တန်ချိန် ၅၀၀၀ ဝန်းကျင် တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။

သကြားစက်ရုံများတိုးလာပြီး ဈေးကောင်းရလာသည့်အတွက် သကြားစက်များမှ ကြံတစ်တန်လျှင် ဝယ်ဈေးကို စက်ရုံအရောက် အမြင့်ဆုံး ငွေကျပ် ၁၀၀၀၀၀ ဝန်းကျင် ရှိပြီး ယခင် ၂၀၂၀ ဝန်းကျင်က ကြံ တစ်တန်လျှင် အမြင့်ဆုံး ၆၅၀၀၀ ဝန်းကျင်ရှိ၍ ထိုအချိန်တွင် သကြား တစ်ပိဿာ ငွေကျပ် ၁၅၀၀ ဝန်းကျင် သာ ပေါက်ဈေးရှိခဲ့သည်ဟု ဆိုသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/28/%e1%80%9d%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%80%e1%80%ba%e1%80%9c%e1%80%ac%e1%81%8d-%e1%80%95%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1小时前
下一篇 1小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....