စားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုး

စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း ၃၉ မျိုးစာရင်းကို FDA Myanmar အသိပေးကြေငြာချက် ထုတ်ပြန်

စားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုး

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA Myanmar)သည် ပြည်တွင်းလက်လီဈေးကွက်အတွင်း ဖြန့်ချိရောင်းချနေသည့် စားသောက်ပစ္စည်းများအနက် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်း ၃၉ မျိုးစာရင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အများပြည်သူတို့ သိရှိစေရန် အသိပေးကြေငြာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါစားသောက်ကုန်ပစ္စည်းများတွင် Benzoic acid, Sodium Cyclamate, Residual So2, Sodium Benzoate, Potassium Sorbate, Postassium Sorbate တို့အား သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားခြင်း၊ ခွင့်မပြုဆိုးဆေး Rhodamine B, Orange ll, Auramine O များပါဝင်ခြင်း၊ အဏုဇီဝသတ်မှတ်ချက်ဖြင့် ကိုက်ညီမှုမရှိခြင်းတို့ကို FDA Myanmarမှ စစ်ဆေးတွေ့ရှိခဲ့ရသည်ဟုဆိုသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာမှ ဖော်ပြပါ အစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်မှုနှင့်  ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုးစားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုး

စားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုးစားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုးစားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုးစားသုံးရန်မသင့်သောစားသောက်ကုန်ပစ္စည်း၃၉မျိုး

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်းလည်း  ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%94%e1%80%ba%e1%80%99%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%85%e1%80%ac%e1%80%b8%e1%80%9e/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6小时前
下一篇 6小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....