မုံရွာမြို့၊ ကန်သာယာတွင် ၂နှစ်ကျော်တွင် လုယက်ခံရသူ ၅၀ အထက်ရှိ

မုံရွာမြို့၊ ကန်သာယာတွင် ၂နှစ်ကျော်တွင် လုယက်ခံရသူ ၅၀ အထက်ရှိ

မုံရွာမြို့၊ ကန်သာယာတွင် ၂နှစ်ကျော်တွင် လုယက်ခံရသူ ၅၀ အထက်ရှိ

မုံရွာမြို့၊ ကန်သာယာပတ်လမ်းတစ်လျှောက် လုယက်မှုများသည် ပိုမိုဆိုးရွားလာရာ ၂နှစ်ကျော်ကာလအတွင်း လုယက်ခံရသူ အယောက် ၅၀ အထက်ရှိနေကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်း လုယက်မှု များသည် အချိန်နှင့်အမျှ အသက်အန္တရာယ် စိုးရိမ်နေကြရပြီး အသက်ကြီးငယ်မရွေး၊ အချိန်နေရာမရွေး ကျူးလွန်ခံနေရခြင်း ဖြစ်ကြောင်းသိရသည်။

မုံရွာမြို့၊ဒေါနခြံရပ်ကွက်၊ ကန်သာကန်ပတ်လမ်းတွင် ဖေဖော်ဝါရီလ ၁၉ရက်နေ့ ညနေ၄နာရီခွဲက ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးကို လူငါးဦးက ဓားထောက်လုယက်သွားကြောင်း ကြားသိရသည်။

ဒေါနခြံရပ်ကွက်နေ အသက်၂၀အရွယ် အမျိုးသားတစ်ဦးသည် ကန်သာယာပတ်လမ်းသို့ ဆိုင်ကယ်မောင်းလာစဉ် လုယက်သူအမျိုးသားငါးဦးမှ ဓားဖြင့်ထောက်ကာ ၁၀သိန်းကျော် တန်ဖိုးရှိသည့် Iphone12 လက်ကိုင်ဖုန်းနှင့် 2014 မော်ဒယ် ကလစ်ဆိုင်ကယ်တစ်စီး လုသွားသည်ဟုသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/28/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8a-%e1%80%80%e1%80%94%e1%80%ba%e1%80%9e%e1%80%ac%e1%80%9a%e1%80%ac%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11分钟前
下一篇 10分钟前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....