၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ပဲတီစိမ်းတန်ချိန် ၆သိန်း ပြည်ပသို့တင်ပို့မည် 

၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ပဲတီစိမ်းတန်ချိန် ၆သိန်း ပြည်ပသို့တင်ပို့မည် 

၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ပဲတီစိမ်းတန်ချိန် ၆သိန်း ပြည်ပသို့တင်ပို့မည် 

ယခုလာမည့် ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲတီစိမ်း တန်ချိန် ၆ သိန်း တင်ပို့ရန်ရှိနေပြီး လေးကြိမ်ခွဲကာ တင်ပို့ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ပဲတီစိမ်းများကို ပြည်ပတင်ပို့မှုလေးကြိမ်တွင် တစ်ကြိမ်လျှင် တန်ချိန် တစ်သိန်းခွဲ သတ်မှတ်ကာ တင်ပို့ပေးသွားမည်ဖြစ်သည်။

ပဲတီစိမ်း တန်ချိန် ၆ သိန်း၏ ခန့်မှန်းတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၅၁၆ သန်းခန့် တန်ဖိုးရှိကြောင်းနှင့် လက်ရှိ ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာနှစ်တွင် ပဲတီစိမ်းပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၃၅၃ သန်းကျော်ဖိုး တင်ပို့ထားကြောင်း သိရသည်။

ပဲတီစိမ်းပြည်ပတင်ပို့မှု အနေဖြင့် နယ်စပ်ကတဆင့် တင်ပို့ခြင်းထက် ရန်ကုန်မှတဆင့် သင်္ဘောဖြင့်တင်ပို့သည့် ဈေးကွက်မှာ ဈေးပိုမိုရရှိနေပြီး ဥရောပနိုင်ငံများဖြစ်သည့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံ စသည့်နိုင်ငံများကို တင်ပို့နေပြီး အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယနိုင်ငံများကလည်း ပဲတီစိမ်းဝယ်လိုအားရှိနေကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%81%82%e1%81%80%e1%81%82%e1%81%83-%e1%81%82%e1%81%80%e1%81%82%e1%81%84-%e1%80%81%e1%80%af%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%95%e1%80%b2%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2小时前
下一篇 2小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....