စစ်ကိုင်းတိုင်းဒေသကြီးတွင် နွေနှမ်းကို GAPနည်းဖြင့် အထွက်နှုန်းကောင်းအောင်စိုက်ပျိုးမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေနှမ်းကို GAP နည်းစနစ်နှင့်စိုက်ပျိုးပြီး အထွက်နှုန်းကောင်းမွန်ရန် အလေးထားစိုက်ပျိုးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ကသိရသည်။
“စစ်ကိုင်းခရိုင်မှာ နွေနှမ်း ဧက ၁၅၀၀ ကျော် စိုက်ပြီးပြီ။ ဧက ၄၄၀၀ ကျော် စိုက်ဖို့လျာထားတယ်။ ရေဦးခရိုင်မှာတော့ နွေနှမ်း ဧက ၁၂၀၀၀ ကျော်ကို ဧပြီလ ပထမပတ်မှာ စစိုက်မှာပါ” ဟု စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ယခုနှစ်ဆောင်သီးနှံစိုက်ပျိုးရာသီက စစ်ကိုင်းခရိုင်တွင် နှမ်း ဧက ၉၆၀၀၀ ကျော် စိုက်ပျိုးရန် လျာထားစိုက်ပျိုးခဲ့ရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ရေဦးခရိုင်တွင်လည်း ဆောင်းနှမ်း ဧက ၂၂၀၀၀ ကျော် စိုက်ရန်လျာထားခဲ့ရာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/