ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာအား ပုံမှန်အတိုင်း ဖွင့်လှစ်နေပြီး နွေရာသီသင်တန်းများ ဖွင့်လှစ်လျက်ရှိ
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာကို မတ်လ (၂၁)ရက်နေ့ မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပြီး မြန်မာ-တရုတ်ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးကို တိုးမြှင့်ရန်၊နွေရာသီအားလပ်ရက်အတွင်း မြန်မာကျောင်းသားများယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ လေ့လာနိုင်စေရန်တို့အတွက် နွေရာသီသင်တန်းများကိုလည်း ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်နွေရာသီကာလတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဝူရှူးသင်တန်းကို ဖွင့်လှစ်လျက်ရှိရာ ဝူရှူး(ထောက်လု)သင်တန်းနှင့် ထိုက်ကျီသိုင်းသင်တန်းတွင် သင်တန်းသား စုစုပေါင်း (၃၃)ဦး တက်ရောက်လျက် ရှိပြီး တရုတ်စာလက်ရေးလှသင်တန်း၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်း၊ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းတို့ကိုလည်း မတ်လ (၂၄)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်စာလက်ရေးလှသင်တန်းကို မြန်မာနိုင်ငံတရုတ်စာပန်းချီနှင့် ပန်းချီအသင်းအဖွဲ့၊ တရုတ်စတိုင် နေ့စဉ်လူမှုဘဝ ပန်းအလှဆင်သင်တန်းကို Wang Florist ၊ ယူနန်ဟင်းလျာအချက်အပြုတ်သင်တန်းကို Qin He Lou တရုတ်စားသောက်ဆိုင်နှင့် ပူးပေါင်းစီစဉ် ဖွင့်လှစ်ခြင်း ဖြစ်သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် အမှတ် (၃၉)၊ ဒုတိယထပ်၊ မင်းရဲကျော်စွာလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပြီး ယဉ်ကျေးမှုလှုပ်ရှားမှုများနှင့် ခရီးသွားမိတ်ဆက်ခြင်းလှုပ်ရှားမှုများကို ပုံမှန် ကျင်းပပြုလုပ်လျက်ရှိပြီး စာကြည့်တိုက်အသုံးပြုနိုင်ခြင်းနှင့်အတူ ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ဝူရှူး၊ တရုတ်တိုင်းရင်းဆေးပညာ၊ အချက်အပြုတ်သင်တန်း အစရှိသည့် သင်တန်းများကို ဖွင့်လှစ်ပေးလျက် ရှိကြောင်းသိရသည်။
ကိုခန့်
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/27/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9a%e1%80%89%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%af/