စားအုန်းဆီစျေးကွက်တွင်တစ်ပိသာ၈၀၀၀နီးပါးပေါက်

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း စျေးကွက်တွင် တစ်ပိသာကျပ် ၈၀၀၀ နီးပါးပေါက်စျေးရှိနေ 

စားအုန်းဆီစျေးကွက်တွင်တစ်ပိသာ၈၀၀၀နီးပါးပေါက်

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၄၄၄၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိစားဆီစျေးကွက်တွင် တစ်ပိသာ ကျပ် ၈၀၀၀ နီးပါး ပေါက်စျေးဖြစ်နေကြောင်း သိရသည်။

လက်ရှိပြည်တွင်းစားအုန်းဆီပေါက်စျေးမှာ လက်ကားစျေး အချိန် ၁၀ ပိသာလျှင် ၇၅၀၀၀ ကျပ် ပေါက်စျေးရှိနေပြီး လက်လီစျေးမှာ တစ်ပိသာ ကျပ် ၈၀၀၀ ခန့်၊ မြေပဲဆီလက်ကားစျေးမှာ တစ်ပိသာကျပ် ၁၂၅၀၀ ပေါက်စျေးရှိနေကြာင်း သိရသည်။

စားအုန်းဆီစျေးကွက်တွင်တစ်ပိသာ၈၀၀၀နီးပါးပေါက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၄၄၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/09/%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%86%e1%80%ae%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5小时前
下一篇 5小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....