နန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပ

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပ

နန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပ

တရုတ်နိုင်ငံ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ နှစ်သစ်ကူး မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ဧပြီလ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်သို့ ကွမ်ရှီးဒေသ နိုင်ငံခြားရေးရုံး နှင့် နန်နင်းမြို့ နိုင်ငံခြားရေးရုံးတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့အခြေစိုက် အာဆီယံ(၅)နိုင်ငံမှ ကောင်စစ်ဝန်ချုပ်များနှင့် ကောင်စစ်ဝန်များ၊ ကွမ်ရှီးဒေသ တရုတ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး မြှင့်တင်မှုကောင်စီ (CCPIT) မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး (CAEXPO)မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့ရှိ တက္ကသိုလ်များ၊ ဆေးရုံများမှ အဆင့်မြင့်အရာရှိကြီးများ၊ သတင်း စာနယ်ဇင်းများ၊ မီဒီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာပြည်ဖွားတရုတ်နိုင်ငံသားများနှင့် နန်နင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားနေကြသော မြန်မာနိုင်ငံသားကျောင်းသား/သူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပနန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပနန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပ

နန်နင်းမြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သင်္ကြန်ကျင်းပ

အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းမှ မြန်မာရိုးရာသင်္ကြန်အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နန်နင်းမြို့ရှိ Guangxi Medical University တွင် ပညာသင်ကြားနေသော မြန်မာ ကျောင်းသား/သူလေးများမှ မြန်မာ့သင်္ကြန်ယဉ်ကျေးမှုသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းကြကာ မြန်မာရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ သင်္ကြန်ရိုးရာအစားအစာများ ဖြစ်သည့် ဆီထမင်း၊ မုန့်လုံးရေပေါ်၊ သာကူ၊ ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံ၍ မြန်မာ့ရိုးရာသင်္ကြန်သဘင်ပွဲတော်၊ မြန်မာ့ရိုးရာအစားအစာတို့နှင့် မိတ်ဆက်ပေးခဲ့ပြီး ကွမ်ရှီးဒေသမှ အစိုးရဌာနများနှင့် ထိတွေ့ ရင်းနှီးမှု ရယူကာ နှစ်သစ်ကူးမြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/21/%e1%80%94%e1%80%94%e1%80%ba%e1%80%94%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9d/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 4小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....