COVID-19လူနာများနေအိမ်တွင်သီးသန့်နေထိုင်ရန်ထုတ်ပြန်

ကိုဗစ်(၁၉)အတည်ပြုလူနာများ နေအိမ်တွင်သီးသန့်နေထိုင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

COVID-19လူနာများနေအိမ်တွင်သီးသန့်နေထိုင်ရန်ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရောဂါဓာတ်ခွဲအတည်ပြုလူနာများ နေအိမ်၌သီးသန့်နေထိုင်ခြင်းဆိုင်ရာ လိုက်နာရမည့် သတ်မှတ်ချက်များအား ထုတ်ပြန်အသိပေးခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်အရ ကိုဗစ်(၁၉) အတည်ပြုလူနာများသည် နေအိမ်၌သီးသန့်နေထိုင်ခြင်း (Home Isolation) နေထိုင်လိုသူများသည် ကိုဗစ်(၁၉) ရောဂါကာကွယ် ဆေးအကြိမ်ပြည့်ထိုးနှံထားသူဖြစ်ရမည်ဖြစ်ပြီး နောက်ဆုံးအကြိမ် ကာကွယ်ဆေး(ပုံမှန်/ထပ်ဆောင်း)ထိုးနှံပြီး ၆ လအတွင်းဖြစ်ရမည်။ ထို့ပြင် ရောဂါလက္ခဏာမရှိသူဖြစ်ရမည်ကာ အန္တရာယ်ရှိလူနာအုပ်စု(High risk)တွင် ပါဝင်သူများမဖြစ်ရပါ။ ထို့အတူ နေအိမ်၌သီးခြားခွဲ၍ နေထိုင်နိုင်သည့်အခန်း ရှိရမည်ပြီး တစ်နေ့လျင် ၂ ကြိမ်ပုံမှန်သတင်းပေးပို့နိုင်သူ ဖြစ်ရမည်။

ထို့ပြင် သီးခြားခွဲခြားနေထိုင်မည့်နေအိမ်၌ အတူနေသူများမှာလည်း ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသူများ ဖြစ်ရမည်ဖြစ်ပြီး သီးခြားခွဲခြားနေထိုင်မည့် နေအိမ်၌ အတူနေသူများတွင် အန္တရာယ်ရှိသူအုပ်စု (High risk)များ မရှိရဟု ထုတ်ပြန်အသိပေးထားသည်။

အန္တရာယ်ရှိလူနာအုပ်စုများအဖြစ် သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ခံအားကျဆင်းနိုင်သည့် ဆေးဝါးသုံးစွဲနေရသူများ (Patients on immunosuppressive drugs) နှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရှမ်းချန်

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/18/76fd16fc49/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 15, 2022 8:46 上午
下一篇 2月 23, 2022 2:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....