လေကြီးနှင့်မိုးကြီးကြောင့် စိန်တလုံးသရက်သီး အထွက်လျော့ကာ အိတ်စွတ်သရက်မှာ စျေးတက်သွား
ပြီးခဲ့သည့်ရက်ပိုင်းက လေနှင့်မိုးသည်းထန်ခဲ့သဖြင့် စိန်တလုံးသရက်သီး အထွက်လျော့ကာ အိတ်စွတ်သရက်မှာ စျေးတက်သွားကြောင်း မန္တလေးမှ စိန်တလုံးခြံလုပ်သူ ကိုကျော်ကျော်ထွန်း ထံမှသိရသည်။
“ဒီနှစ်သရက်သီး အတင်နည်းတယ်။ အထွက်နည်းတယ်။ ၃ခါလောက် လေကြီးမိုးကြီးကျတာ သရက်သီး ကျွေသွားတော့ နောက်ဆုံးကျန်တဲ့အသီးက စျေးကောင်းနေတယ်။ မူဆယ်ဖက်ကလမ်းကြော အဆင်မပြေတော့ လားရှိုးနဲ့တောင်ကြီးဖက် အတင်များကြတယ်။ အရင်တုန်းက တစ်လုံးကို ၂၅၀ နဲ့ ၃၀၀ ပတ်လည်လောက်ကနေ အခု ၅၀၀ နဲ့ ၆၀၀ ပတ်လည်လောက်ထိ ရောက်သွားတယ်။ လက်ကားပါ။ လက်လီက အခုတစ်လုံး ၁၀၀၀၊ ၁၂၀၀ လောက် ရောင်းနေကြတယ်” ဟု ကိုကျော်ကျော်ထွန်း ကပြောသည်။
စိန်တလုံးသရက်သီးတွင် အိတ်စွတ်သီးနှင့် အိတ်လွတ်သီးဟူ၍ရှိရာ ယခုနှစ်တွင် ကုန်ကျစရိတ်ကြောင့် အိတ်မစွတ်ကြသည်ကများကြောင်း၊ အိတ်လွတ်သီတစ်လုံးလျှင် ကျပ် ၄၀၀ ခန့်ရှိပြီး အိတ်လွတ်သီးအများစုသည် ဆေးတို့သည်ကများကာ အိတ်စွတ်သီးကို ဆေးတို့စရာမလိုဘဲ ရက်တစ်ပတ်ခန့် အထားခံကြောင်း သိရသည်။
စျာန်ထူးကို
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/25/3dc9c727a9/