သင်္ကြန်အပြီးဈေးကွက်ပြန်ဖွင့်ချိန်ပြောင်းဈေးကွက် အနည်းငယ်ကျဆင်း

သင်္ကြန်အပြီး ဈေးကွက်ပြန်ဖွင့်ချိန် ပြောင်းဈေးကွက် အနည်းငယ်ကျဆင်း

 

သင်္ကြန်အပြီး ဈေးကွက်ပြန်စရန် ပြင်ဆင်နေကြခြင်းကြောင့် ဈေးကွက်ပြန်ဖွင့်ချိန် ပြောင်းဈေး အနည်းငယ် ပြန်ကျသွားကြောင်း ပြောင်းလုပ်ငန်းရှင်းများထံမှသိရသည်။ 

သင်္ကြန်အပြီးဈေးကွက်ပြန်ဖွင့်ချိန်ပြောင်းဈေးကွက် အနည်းငယ်ကျဆင်း

ထို့အပြင် ပို့ကုန်မူဝါဒပြောင်း လဲခြင်း၊ ပြောင်းတင်ပို့ပါက ပို့ကုန်လိုင်စင်လျှောက်ခိုင်းခြင်း၊ ဒေါ်လာဈေးနှုန်း အပြောင်းအလဲဖြစ်နေခြင်း တို့ကြောင့် ပြောင်းဈေးမှာ ကျဆင်းသွားခြင်းဖြစ်ကြောင်းသိရသည်။

 

“ဈေးကွက်ပြန်စတဲ့အချိန် ဈေးနှုန်းပြန်ကျသွားတယ်။ ဒါကတော့ သင်္ကြန်အပြီး ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ တစ်ပိဿာကို ၂၀ ၊ ၁၅ကျပ် အထိ ပြန်ကျသွားတယ်။ နောက်ပြီး တခြားကိစ္စ ပို့ကုန်မူဝါဒ အပြောင်းအလဲ တွေကြောင့် ပြောင်းဈေးကကျသွားတာ” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင် ကပြောသည်။

 

လက်ရှိ ပြောင်းမှာ သင်္ကြန်မတိုင်ခင်က ရန်ကုန်ဈေး တစ်ပိဿာလျှင် ၁,၀၂၀၊ ၁,၁၀၀ ကျပ် ထိ ရရှိခဲ့ရာမှ သင်္ကြန်အပြီး တစ်ပိဿာလျှင် ၁,၀၀၀ မှ ၉၉၀ ကျပ် ထိပြန်ကျသွားကြောင်းသိရသည်။ ထိုဈေးမှာ ပြီးခဲ့သည့်နှစ်များထက် ဈေးမြင့်ရနေခြင်းဖြစ်သော်လည်း သွင်းအားစုမြင့်တက်နေသည့် အတွက် ဈေးကောင်းရသည်ဟု ပြောမရကြောင်း သုံးသပ်ကြသည်။ 

 

“တောင်သူတွေရနေတဲ့ဈေးက အဓိက ရှမ်းမြောက်၊ ရှမ်းတောင်မှာ တစ်ပိဿာကို အများဆုံးရ ၈၀၀ ပေါ့။ ဒါပေမဲ့ ဒီဈေးက တွက်ခြေကိုက်လား ဆိုတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် သွင်းအားစုတွေ ဈေးမြင့်နေတာဆိုတော့ ဖြစ်သင့်တဲ့ ဈေးလို့ ပြောလို့မရသေးဘူး” ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။

 

လက်ရှိ အရောင်းအဝယ်အများကြီးမဖြစ်သော်လည်း ဈေးကွက်မှာ ပုံမှန်အတိုင်းဖြစ်နေကြောင်း သိရသည်။ တစ်ချို့မှာ ဈေးနှုန်းမကြိုက်၍ ပြောင်းကို လက်ဝယ်ကိုင်ဆောင်ထားကြပြီး တစ်ချို့မှာ ဈေးနှုန်း လက်ရှိထက် ပိုမိုကျဆင်းသွားမှာကြောက်၍ အမြန်အဆန်ရောင်းချမူများလည်းရှိကြောင်း သိရသည်။

 

လက်ရှိ တိုင်းနှင့်ပြည်နယ်(၇)ခုတွင် ပြောင်းစိုက်ဧက ၁သိန်းခွဲဝန်းကျင်မှ နှစ်စဉ်တန်ချိန် ၃သန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ ယခင်ကိုဗစ်ကာလတွင် ပြည်တွင်း၌ တန်ချိန် (၈သိန်း မှ ၁၀သိန်း) အကြား သုံးစွဲကာ ပြည်ပသို့တန်ချိန် (၂)သန်းကျော် တင်ပို့ခဲ့ကြောင်းသိရပြီး ကိုဗစ်အပြီးကာလတွင် ပြည်တွင်းသုံးစွဲမူ လျော့သွားကာ (၅)သိန်းလောက်သာ သုံးစွဲပြီး (၂.၅) သန်းကျော်သာ ပြည်ပသို့တင်ပို့ လျက်ရှိကြောင်း သိရသည်။

 

ရွှေနွယ်ကြိုး

 

 

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/25/9199c32c35/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 23, 2022 3:44 下午
下一篇 4月 27, 2022 3:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....