မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌအား China- Myanmar Economic Cooperation and Development Promotion Association မှ ဒုဥက္ကဋ္ဌ လာရောက်တွေ့ဆုံ
China-Myanmar Economic Cooperation and Development Promotion Association ၏ Vice President Mr. Li Fuquan နှင့် အဖွဲ့သည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်အား ဧပြီလ(၂၇)ရက်နေ့ နံနက်(၁၀)နာရီခန့်က လာရောက်တွေ့ဆုံကြောင်း အသင်း၏ထုတ်ပြန်ချက်အရ သိရသည်။
ထို့သို့တွေ့ဆုံရာတွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံ စီချွန်ပြည်နယ် ချုံကျင်းမြို့ Chongqing Bonded Commodity Exhibition and Trading Center တွင် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံဆိုင်ရာပြခန်း ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် လိုအပ်သောအဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးသုံး ပစ္စည်းများ လှူဒါန်းပေးလိုသည့် အခြေအနေများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/29/mcfa%e1%80%97%e1%80%9f%e1%80%ad%e1%80%af%e1%80%a5%e1%80%80%e1%80%b9%e1%80%80%e1%80%8b%e1%80%b9%e1%80%8c%e1%80%a1%e1%80%ac%e1%80%b8-cm-ecdpa%e1%80%99%e1%80%be%e1%80%92%e1%80%af%e1%80%a5%e1%80%80/