တရုတ်သံရုံးမှသိပ္ပံနည်းပညာစီမံကိန်းများအားလေ့လာ

Summary : မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong သည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ သွားရောက်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ သိပ္ပံနည်းပညာစီမံကိန်းများ တိုးတက်မှုအခြေအနေကို ဇွန်လ ၁၀ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

လန်ချန်း-မဲခေါင်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာစီမံကိန်းများအား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သွားရောက်လေ့လာ

တရုတ်သံရုံးမှသိပ္ပံနည်းပညာစီမံကိန်းများအားလေ့လာ

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong သည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) သို့ သွားရောက်၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ သိပ္ပံနည်းပညာစီမံကိန်းများ တိုးတက်မှုအခြေအနေကို ဇွန်လ ၁၀ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

သံမှူးကြီး Mr. Zheng Zhihong က ၂၀၁၈ ခုနှစ်မှ ယနေ့အထိ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ၌ စီမံကိန်း ၉၂ ခု ဖော်ဆောင်ခဲ့ရာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများအနက် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း၊ စီမံကိန်းဖော်ဆောင်သည့် နယ်ပယ်များမှာ စပါးစိုက်ပျိုးခြင်းမှသည် ကော်ဖီစိုက်ပျိုးခြင်းအထိ၊ နည်းပညာ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းမှသည် လူငယ်များ ကူးလူးဖလှယ်ခြင်းအထိ၊ လူတော်လူချွန် ပျိုးထောင်ခြင်းမှသည် အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းအထိ လွှမ်းခြုံနေပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီကာ မြန်မာနိုင်ငံ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဘဝကို ထိရောက်စွာ မြှင့်တင်ပေးကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် ကျဉ်းမြောင်းစေရေးအတွက် သိသာသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အတူကြိုးပမ်း၍ လန်ချန်း-မဲခေါင်ရန်ပုံငွေကို ကောင်းစွာ အသုံးချပြီး နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သံရုံးမှသိပ္ပံနည်းပညာစီမံကိန်းများအားလေ့လာတရုတ်သံရုံးမှသိပ္ပံနည်းပညာစီမံကိန်းများအားလေ့လာတရုတ်သံရုံးမှသိပ္ပံနည်းပညာစီမံကိန်းများအားလေ့လာ

၂၀၁၈ ခုနှစ်မှစ၍ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် လန်ချန်း-မဲခေါင်စီမံကိန်း စုစုပေါင်း ၁၀ ခုကို ဖော်ဆောင်ခဲ့ရာ ၎င်းတို့အနက် “ဝါးအသုံးချမှုဈေးကွက်အလားအလာ” ၊ “မဲခေါင်မြစ်ဝှမ်း ဝါး ဆန်းသစ်ထုတ်ကုန် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း” ၊ “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန” စီမံကိန်းတို့ ဆောင်ရွက်ပြီးစီးပြီး မြန်မာနိုင်ငံ၏ ဝါးအသုံးချမှု အရည်အသွေးကို ထိရောက်စွာ မြှင့်တင်ပေးကာ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံသုတေသနပြုမှုများကို အားဖြည့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လယ်ယာထွက်ကုန်တန်ဖိုးမြှင့်တင်ရေး၊ သစ်သီးဝလံများ အချောထည်ပြုပြင်ရေး၊ လယ်ယာထွက်ကုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စားသောက်ကုန်ထိန်းချုပ်ရေးနှင့် ခွဲခြမ်းစိတ်ဖြာရေးဗဟိုဌာန ထူထောင်ရေး စသည့်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန် အချောထည်ပြုပြင်မှု အရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်တို့ကို မြှင့်တင်နိုင်ရန် အားဖြည့်ပေးကာ တောင်သူလယ်သမားများကို ဝင်ငွေတိုးစေပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

မြသုခ

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/06/15/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be%e1%80%9e%e1%80%ad%e1%80%95%e1%80%b9%e1%80%95%e1%80%b6%e1%80%94%e1%80%8a%e1%80%ba/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 6月 15, 2022 11:30 下午
下一篇 6月 15, 2022 11:32 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....