“မြစ်ညာမှာနေထိုင်သူများ” မှတ်တမ်းရုပ်ရှင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသမည်
တရုတ်နိုင်ငံ စန်းကျန်းယွမ်ဒေသနှင့် တိဘက်ကုန်းပြင်မြင့်ဒေသတို့အား မှတ်တမ်းတင် ရိုက်ကူးထားသည့် “မြစ်ညာမှာနေထိုင်သူများ” မှတ်တမ်းရုပ်ရှင် မြန်မာစာတန်းထိုးအား ဇူလိုင်လ ၃ ရက်နေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၁ နာရီနှင့် ည ၇ နာရီတွင် Skynet Knowledge ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
“မြစ်ညာမှာနေထိုင်သူများ” မှတ်တမ်းရုပ်ရှင်တွင် အဖိုးတန်လှသည့်မြင်ကွင်းများဖြင့် စန်းကျန်းယွမ်ဒေသမှ လူနှင့်သဘာဝ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်သည့် အကြောင်းအရာများကို မှတ်တမ်းတင်ထားပြီး တိဘက်ကုန်းပြင်မြင့်ဒေသ အတွင်းပိုင်း၏ သဘာဝအလှနှင့် သက်ရှိအလှတရားများကို တင်ဆက်ထားသည်ဟု ဆိုသည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ခေတ်အဆက်ဆက် အိမ်နီးချင်းနိုင်ငံများအဖြစ် အတူနေထိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်းကြောင်း ကြာရှည်လှပြီး နှစ်နိုင်ငံပြည်သူများသည် “တစ်မြစ်တွင်းရေ အတူသောက်သုံးကာ” လန်ချန်းမြစ်-မဲခေါင်မြစ်က မိမိတို့၏အသက်သွေးကြောကို ရင်းနှီးစွာချိတ်ဆက်လျက်ရှိသည်။
စန်းကျန်းယွမ်ဒေသသည် လန်ချန်းမြစ်၊ မဲခေါင်မြစ်၊ မြစ်ဝါမြစ်တို့ မြစ်ဖျားခံရာဒေသ ဖြစ်သည်။ ဤနေရာသည် ကုန်းပြင်မြင့်ဇီဝမျိုးစုံမျိုးကွဲမှု အစုစည်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်ပြီး တစ်ကမ္ဘာလုံး ရာသီဥတုပြောင်းလဲမှု၏ အကဲဆတ်ဆုံးနှင့် အရေးပါဆုံး စတင်ရာဒေသဖြစ်သည်။ ဤနေရာတွင် လူတို့က မိုးမြေကိုလေးစား၍ သက်ရှိများကို ချစ်မြတ်နိုးကာ သဘာဝနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ကြကြောင်း သိရသည်။
ကိုခန့်
Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/07/01/%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%8a%e1%80%ac%e1%80%99%e1%80%be%e1%80%ac%e1%80%94%e1%80%b1%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac%e1%80%b8/