တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဖွင့်လှစ်
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်ကို တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီမြို့ လုံးမွန်ဟူဥယျာဥ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း မင်္ဂလာ၏သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါစာကြည့်တိုက်သည် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူပြည်သားတို့ ယဥ်ကျေးမှုဖလှယ်နိုင်သည့် ပလက်ဖောင်းအသစ် ဖြစ်ကြောင်း စာကြည့်တိုက်တာဝန်ရှိသူတစ်ဦးကပြောသည်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်သည် တရုတ်နိုင်ငံ စုံချင့်လင်းဖောင်ဒေးရှင်း တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာ ပြည်သူပြည်သားများဖောင်ဒေးရှင်းမှ ပံ့ပိုးတည်ဆောက်ပြီး တယ်ဟုန် ပြည်နယ်ခွဲ လူမှုနှင့်သိပ္ပံအကယ်ဒမီ (တယ်ဟုန်ပြည်နယ်ခွဲ တရုတ်-မြန်မာ ဆက်ဆံရေးသုတေသနဌာန) ၊ တယ်ဟုန်ပြည်နယ်ခွဲ စာကြည့်တိုက်၊ ရွှေလီမြို့ပါတီကော်မတီပြန်ကြားရေးဌာန၊ ရွှေလီမြို့စာကြည့်တိုက်တို့ အတူတကွ တာဝန်ယူ၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစမတ်စာကြည့်တိုက်ကို ၂၀၂၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ခုနှစ် မေလတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/07/25/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%81%82%e1%81%84%e1%80%94%e1%80%ac%e1%80%9b%e1%80%aesmart-library%e1%80%9b%e1%80%bd%e1%80%be/