ဘိန်းဖြူ၇၇.၅၂ကီလိုကိုရမည်းသင်းတွင် ဖမ်းဆီးရမိ

Summary : ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်လာသည့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလိုကို ရမည်းသင်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလိုကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ဖမ်းဆီးရမိ

ဘိန်းဖြူ၇၇.၅၂ကီလိုကိုရမည်းသင်းတွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်လာသည့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလိုကို ရမည်းသင်းမြို့နယ်တွင်  ယခုရက်ပိုင်းအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်း၊ သင်ပန်းကုန်း လမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက်(ခ)ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး(ခ)စိုးငယ် လိုက်ပါလာသည့် DYNA မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲတွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ကြီး၊ ရွှေပြည်သာရပ်ရှိတည်းခိုခန်းတွင် ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်းနှင့်အတူ ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး (ခ)ကြီးဘ၊ ကျော်သူတို့ ရှစ်ဦးအား  ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ HIJET မော်တော်ယာဉ် တစ်စီး၊ SURF မော်တော်ယာဉ် တစ်စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိဘိန်းဖြူများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရအရေးယူထားရှိကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဘိန်းဖြူ၇၇.၅၂ကီလိုကိုရမည်းသင်းတွင် ဖမ်းဆီးရမိဘိန်းဖြူ၇၇.၅၂ကီလိုကိုရမည်းသင်းတွင် ဖမ်းဆီးရမိဘိန်းဖြူ၇၇.၅၂ကီလိုကိုရမည်းသင်းတွင် ဖမ်းဆီးရမိ
ရှမ်းချန်

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/08/01/%e1%80%98%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%96%e1%80%bc%e1%80%b0%e1%81%87%e1%81%87-%e1%81%85%e1%81%82%e1%80%80%e1%80%ae%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8月 1, 2022 4:13 下午
下一篇 8月 1, 2022 4:17 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....