မုံရွာခရိုင်ဈေးကွက်တွင် စစ်ဆေးရေးအရာရှိများထားရှိ

စားသုံးသူအကာအကွယ်ပေးရေးအတွက် မုံရွာခရိုင်ဈေးကွက်တွင် စစ်ဆေးရေးအရာရှိများထားရှိ

မုံရွာခရိုင်ဈေးကွက်တွင် စစ်ဆေးရေးအရာရှိများထားရှိ

စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ မုံရွာခရိုင်ဈေးကွက်တွင် စစ်ဆေးရေးအရာရှိများထားရှိပြီး အချိန်နှင့်တပြေးညီ ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနက သိရသည်။

“စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်ပြီး ဈေးကွက်တွင်းမှာ အန္တရာယ်ရှိတယ်လို့ တိုင်ကြားလာရင်ဖြစ်စေ၊ ဘေး အန္တရာယ်ရှိတယ်လို့ ထင်မြင်ယူဆရရင်ဖြစ်စေ၊ စစ်ဆေးအရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအရ ဈေးကွက်စစ်ဆေးရေးအရာရှိတွေ ထားရှိပြီး အချိန်နှင့်တပြေးညီ ကြပ်မတ်ဆောင်ရွက်ပေးနေပါတယ်” ဟု မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးကပြောသည်။

စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ရက်နေ့က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် – ၉ ဖြင့် ပြဌာန်းခဲ့သည်။ ဥပဒေ ရေးဆွဲပြဌာန်းရခြင်း၏ ရည်ရွယ်ချက်သည် စားသုံးသူများ စားသုံးသူအခွင့်အရေး အပြည့်အဝ ရရှိစေရန်၊ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ တိကျရှင်းလင်းမှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရန်၊ အာမခံရှိပြီး အရည်အသွေးမြင့်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန်၊ နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ အန္တရာယ်ဖြစ်စေတဲ့ ကုန်စည်/ဝန်ဆောင်မှုများနှင့်စပ်လျဉ်းပြီး အရေးယူ ဆောင်ရွက်မှုများကို ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

မုံရွာခရိုင်ဈေးကွက်တွင် စစ်ဆေးရေးအရာရှိများထားရှိ

စားသုံးသူတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိလာပါက သက်ဆိုင်ရာ မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းများဖြစ်သည့် တယ်လီဖုန်းဖြင့်သော် လည်းကောင်း၊ DOCA myanmar mobile application မှလည်းကောင်း၊ www.doca.gov.mm website (Complaint Box) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/10/27/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 10月 27, 2022 9:19 下午
下一篇 10月 27, 2022 9:21 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....