အသစ်ဝင် ပဲများ ဈေးကွက်အတွင်း ဝင်ရောက်သလောက် အမြင့်ဈေးဖြင့် အဝယ်လိုက်နေ

အသစ်ဝင် ပဲများ ဈေးကွက်အတွင်း ဝင်ရောက်သလောက် အမြင့်ဈေးဖြင့် အဝယ်လိုက်နေ

အသစ်ဝင် ပဲများ ဈေးကွက်အတွင်း ဝင်ရောက်သလောက် အမြင့်ဈေးဖြင့် အဝယ်လိုက်နေ

ယခုနှစ်ပဲသစ်ရာသီတွင် အသစ်ဝင် ပဲများ ဈေးကွက်အတွင်း အဝင် ရှိသလောက် အမြင့်ဈေးဖြင့် အဝယ်လိုက်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

လက်ရှိ မန္တလေး ပဲ၊နှမ်းဈေးကွက်တွင် ဈေးကွက်တစ်ခုလုံး အဝယ်လိုက်နေခြင်းဖြစ်ပြီး ယခုဇန်နဝါရီလ လကုန်ပိုင်းရက်များအတွင်း အသစ်ဝင်ပဲများ ဈေးကွက်အတွင်း အဝင်ရှိသလောက် အဝယ်လိုက်နေရာ တောင်သူများအနေဖြင့် ဈေးကောင်းစောင့်ရောင်းချသည့် အခြေအနေမရှိဘဲ စိုက်ခင်း ထဲမှ ထွက်ထွက်ချင်း ဈေးကွက်သို့တင်ပို့ရောင်းချနေရသဖြင့် ပဲသစ်လှောင်လက်များနှင့် ပို့ကုန်သမားများ ဝယ်လိုအား ကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အသစ်ဝင်ပဲများ ဖြစ်သော်လည်း လက်ရှိနိုင်ငံခြား ငွေပေါက်ဈေးအတက် ပို၍မျှော်မှန်းပြီး ပို့ကုန်ပဲများ ဈေးကျဆင်းမှုမရှိဘဲ အဝယ်ကောင်းနေကြောင်း၊ အလားတူ ပြည်တွင်းသုံးကုလားပဲနှင့် ပဲမာလိုင်း၊ နှမ်း၊မြေပဲဆန်များလည်း တရုတ်ပို့ကုန်လိုင်းဖွင့်သည်နှင့်အတူ ဆက်လက် ဈေးကောင်းရရှိနေခြင်း ဖြစ်ကြောင်း၊ ပဲသစ်ပေါ်ချိန် ရာသီချိန်တွင် ဖေဖော်ဝါရီလကုန်ထိသာ ကြာမြင့်နိုင်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်း)ပွဲရုံပိုင်ရှင်က ပြောသည်။

“ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးကောင်းနေတယ်လို့ပြောရမယ့် သီးနှံဈေးအားလုံး ဈေးကျဆင်းတာ မရှိသလောက် ဖြစ်နေတယ်။ မြေထောက်ပဲတစ်အိတ် ငွေကျပ် ၂၅၀၀၀၀ ပေါက်ဈေး ဖြစ်လာတယ်။ ပို့ကုန်မတ်ပဲတစ်အိတ် ငွေကျပ် ၁၆၆၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၇၂၅၀၀၊ ပဲတီစိမ်းရွှေဝါအဝင် များလာသလို တစ်အိတ် ငွေကျပ် ၁၈၅၀၀၀-၁၉၀၀၀၀ ထိဈေးကောင်းရနေပါတယ်။ လက်ရှိမှာ ပဲလှောင်လက်အဝယ်တွေ အဝယ်ကောင်းလာတော့ ပို့ကုန်သမားတွေ လိုက်ပါ ဝယ်ယူနေတာဖြစ်လို့ ပို့ကုန်ပဲအသစ် အဝင်ရှိသလောက် အဝယ်ကောင်း နေတာမျိုးပါ။ ပြည်တွင်းသုံး ကုလားပဲလည်း အသစ်ပေါ်လာလို့ ဈေးကျဆင်းနေရာက V2အသစ်တစ်အိတ် ငွေ ကျပ် ၁၈၆၀၀၀ ထိပေါက်ဈေးရှိ လာပါတယ်။ လက်ရှိမှာက ပဲ အသစ်တွေကို ဒေါ်လာငွေဈေးအပြောင်း အလဲမရှိသော်လည်း ပဲအထွက်နည်းလို့ ဝင်သလောက် အမြန်ဝယ်နေတဲ့သဘော ဖြစ်နေပါတယ်။ တောင်သူတွေကလည်း ပဲအသစ်တွေကို လှောင်ချိန်မထားဘဲ ချက်ချင်းရောင်းချတာမို့ ဖေဖော်ဝါရီလကုန်လောက်ဆိုရင် ပစ္စည်းပြတ်နိုင်တဲ့ အခြေအနေ ဖြစ်နေတာလည်းပါတယ်။ တရုတ်လိုင်းကို မြေပဲလုံးဆန်ထွက်နေတော့ မြေပဲဆီဆန်ပါလိုက် ဈေးမြင့်တက်လာပါတယ်။ နှမ်းနက်တစ်အိတ် ငွေကျပ် ၃၀၀၀၀၀  ကျော်ဈေး ထိရောက်နေပါတယ်။ ဇန်နဝါရီလကုန်ထိ အသစ်ဝင်ပဲများ ဈေးကောင်း နေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ရွေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/28/%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%9d%e1%80%84%e1%80%ba-%e1%80%95%e1%80%b2%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%a1%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 5天前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....