တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတား ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတား ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတား ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သံလွင်မြစ် ဖြတ်ကျော်တံတားဖြစ်သည့် ကွမ်းလုံတံတားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရအကူအညီဖြင့် တည်ဆောက်သည့် ကွမ်းလုံတံတားအသစ်သည် တရုတ်-မြန်မာ ကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်သည့် သန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းမကြီးပေါ်ရှိ ပထဝီတည်နေရာအချက်အချာကျသော မြစ်ဖြတ်တံတားကြီးဖြစ်သည်။

ကွမ်းလုံတံတားအဟောင်းကို တရုတ်နိုင်ငံအစိုးရက ၁၉၆၀ ခုနှစ်ပိုင်းတွင် ကူညီတည်ဆောက်ပေးထားခြင်း ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နှင့် မကိုက်ညီသဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ၂၀၁၈ ခုနှစ်တွင် ကွမ်းလုံတံတားအသစ်အား တည်ဆောက်ရန်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တံတားကြီးနှင့် တံတားကမ်းနှစ်ဖက်ကိုချိတ်ဆက်သည့် စုစုပေါင်းလမ်းကြောင်းအရှည်သည် ၄.၂ ကီလိုမီတာခန့် ရှိပြီး ၎င်းအနက်တံတားအရှည်သည် ၂၈၆ မီတာရှိသည်။ အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ်တွင်တည်ဆောက်ပြီးစီးမည်ဖြစ်ကာ လက်ရှိတွင် တံတားကြီးနှစ်ဖက်အားချိတ်ဆက်သည့် အရေးပါအပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်သော ကွမ်းလုံတံတား ယခုနှစ်တွင် တည်ဆောက်ပြီးစီးမည်

အဆိုပါ ကွမ်းလုံတံတားအသစ်စီမံကိန်းသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu နှင့်အဖွဲ့သည် မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သွားရောက်လေ့လာကြည့်ရှုကာ ဆောက်လုပ်ရေးပညာရှင်အဖွဲ့များအား သွားရောက်တွေ့ဆုံ၍ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ ပိုးစာပင်စိုက်ကာ ပိုးကောင်မွေးမြူခြင်း၊ အသားစားနွားများ တရုတ်နိုင်ငံသို့တင်ပို့ခြင်း၊ အစားထိုးစိုက်ပျိုးခြင်းစသည့် ပြည်သူ့အကျိုးပြု ပူးပေါင်းဆောင်ရွက်ရေးအခြေအနေများကို လေ့လာခဲ့သည်။

ဆက်လက်ပြီး မိန်းတိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် သံမှူး Mr. Tan Shufu က နယ်စပ်ဂိတ် တည်ဆောက်ရေးနှင့် ဂိတ်ဖြတ်ကျော်မှုအခြေအနေများကို သွားရောက်လေ့လာခဲ့ပြီး နယ်စပ်ဂိတ်ဖွင့်လှစ်မှု၊ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ တရုတ်ယွမ်ဖြင့် စာရင်းရှင်းမှု စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်ဖြင့် တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%81%8f%e1%80%a1%e1%80%80%e1%80%b0%e1%80%a1%e1%80%8a%e1%80%ae%e1%80%96%e1%80%bc%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3小时前
下一篇 3小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....