(၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

 (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

 (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

မုံရွာမြို့အခြေစိုက် “ချင်းတွင်းရေကြည်” ပန်းချီဆရာများ၏ (၁၉)ကြိမ်မြောက် ရေဆေးပန်းချီပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ တော်ဝင်စင်တာရှိ Art Corner Gallery တွင် ဧပြီလ (၁) ရက်မှ (၅) ရက်နေ့ထိ (၅)ရက်ကြာကျင်းပမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါပြပွဲတွင် မုံရွာမြို့အခြေစိုက် ချင်းတွင်းရေကြည်ပန်းချီဆရာ(၁၂)ဦး၏ ပန်းချီကား(၆၀)ကို ပြသသွားမည်ဖြစ်သည်။

“ကိုဗစ်နောက်ပိုင်းမှာ ချင်းတွင်းရေကြည်ပြပွဲတွေ မလုပ်ဖြစ်ကြတော့ဘူးလို့သိရတယ်။ အဲဒါကြောင့် မုံရွာက ချင်းတွင်းရေကြည်ဆရာတွေနဲ့ချိတ်ပြီး ပြပွဲလုပ်ဖြစ်တာပါ။ ချင်းတွင်းရေကြည်က (၂၀၂၁) ခုက (၁၈)ကြိမ်မြောက်က နောက်ဆုံး လုပ်ခဲ့တာပါ။ Art Corner Gallery က အခုမှစဖွင့်ခါစဆိုတော့ (၁၉)ကြိမ်မြောက် လုပ်ပေးချင်လို့ ပြပွဲစီစဥ်ဖြစ်တာပါ။” ဟု မဖြူသစ်ကြည် (Art Corner Gallery) ကပြောသည်။

 (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည် (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည် (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည် (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည် (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည် (၁၉)ကြိမ်မြောက် ချင်းတွင်းရေကြည် ပန်းချီပြပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

ပြပွဲတွင် ရေဆေးပန်းချီဆရာကြီး ဦးလူတင်၊ ဦးညိုသိန်း၊ ဦးအောင်မောင်း၊ ဦးရဲမြင့်၊ ဦးမောင်မောင်စန်း၊ ဦးခင်မောင်ညို၊ ဦးမန်းတင်၊ ဦးတင်ဇော်၊ ဦးအောင်ဗလ၊ ဦးသန်းဆိုင်၊ ဘိုညီစန်းနှင့် လုံလုံးတို့၏ အရွယ်အသေးဆုံး (၁၄)လက်မ×(၁၁)လက်မမှ အကြီးဆုံး(၂၄)လက်မ×(၁၅)လက်မ ရေဆေးပန်းချီကား(၆၀)ကို ပြသရောင်းချပေးသွားမည်ဖြစ်ပြီး ပန်းချီကားတန်ဖိုးအား ကျပ်(၁)သိန်းမှ ကျပ်(၁၅)သိန်းအထိ သတ်မှတ်ထားကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/04/01/%e1%81%81%e1%81%89%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 8小时前
下一篇 8小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....