မုံရွာတွင်ရွေ့လျားစနစ်ဖြင့်COVID-19ကာကွယ်ဆေးထိုးနှံပေး

မုံရွာမြို့နယ်အတွင်း ရွေ့လျားစနစ်ဖြင့် ကိုဗစ်-၁၉ကာကွယ်ဆေး လှည့်လည် ထိုးနှံပေးလျက်ရှိ

မုံရွာတွင်ရွေ့လျားစနစ်ဖြင့်COVID-19ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ရွေ့လျားစနစ်ဖြင့် မုံရွာမြို့ပေါ်ရပ်ကွက် (၃၂) ရပ်ကွက်နှင့် ကျေးရွာများသို့ ကိုဗစ်-၁၉ကာကွယ်ဆေး လှည့်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

“ရွေ့လျားကာကွယ်ဆေးထိုးတာကို ဇန်နဝါရီလ(၇)ရက်က စထိုးပေးခဲ့တာ ဇန်နဝါရီလ(၂၄)ရက်အထိ (၁၆၅၀) ဦး ဆေးထိုးပြီးပြီ ဖြစ်ပါတယ်။ မုံရွာမြို့ ပေါ်(၃၁) ရပ်ကွက်ကို အလှည့်ကျ သွားပြီး ကာကွယ်ဆေးထိုးပေးမှာပါ။ ကျေးရွာတွေဖက်လည်းသွားပြီး ကာကွယ်ဆေးထိုးပေးဖို့ စီစဥ်ထားပါတယ်။ လတ်တလော(၆) ရပ်ကွက်လောက် ကာကွယ်ဆေးထိုးပြီးပါပြီ။ ဆေးထိုးဖို့ကျန်တဲ့သူ များရင်များသလို တစ်ရပ်ကွက်ကို (၅)ရက်အထိ သွားရောက်ဆေးထိုးပေးနေတာဖြစ်ပါတယ်” ဟုမုံရွာမြို့နယ် ဒုတိယမြို့နယ်ဦးစီးမှူး ဦးအာကာမြင့် ကပြောသည်။

မုံရွာတွင်ရွေ့လျားစနစ်ဖြင့်COVID-19ကာကွယ်ဆေးထိုးနှံပေး

အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုးသည် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကာကွယ်ဆေးကို မဖြစ်မနေထိုးနိုင်အောင် ရွေ့လျားစနစ်ဖြင့် လှည့်လည်ဆေးထိုးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာမြို့တွင် ကိုဗစ်-၁၉ကာကွယ်ဆေး အမြဲတမ်းထိုးပေးခြင်းကို မုံရွာတက္ကသိုလ်ဓမ္မာရုံ၊ တင်ဝင်းထွန်းဓမ္မာရုံများတွင် တနင်္ဂနွေ တစ်ရက်မှလွဲ၍ နေ့စဥ်ကာကွယ်ဆေးထိုးပေးနေပြီး မြို့အဝင်အထွက်ဂိတ်များတွင်လည်း လိုအပ်လျှင် လိုအပ်သလို ထိုးပေးနေကြောင်းသိရသည်။

“ကျန်းမာရေးဌာနက ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာပြီး ကာကွယ်ဆေးထိုးဖို့ လိုပါတယ်။ အကြိမ်ရေပိုဆေးထိုးတာတွေကို ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ပြီးမှသာ ဆေးထိုးသင့်ပါတယ်။ ညွှန်ကြားချက်အတိုင်းမထိုးဘဲ ပိုထိုးရင်အ န္တရာယ်များဖြစ်သွားမလား စိုးရိမ်မိပါတယ်”ဟု ဦးအာကာမြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/11361cf171/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:50 下午
下一篇 2月 23, 2022 2:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....