တရုတ်နိုင်ငံမှနှမ်းနက်အဝယ်လိုက်နေ၍ဈေးကောင်းရ

တရုတ်နိုင်ငံမှ နှမ်းနက် အဝယ်လိုက်နေ၍ စျေးကွက်တွင် ဝယ်လိုအားများပြီး ဈေးကောင်းရနေ

တရုတ်နိုင်ငံမှနှမ်းနက်အဝယ်လိုက်နေ၍ဈေးကောင်းရ

တရုတ်နိုင်ငံမှ နှမ်းနက် အား အဝယ်လိုက်နေ၍ စျေးကွက်တွင် ဝယ်လိုအားများပြီး နှမ်းအဝင် နည်းနေသည့်အတွက် စျေးနှုန်းပြန်လည်မြင့်တက်လာကြောင်း နှမ်းကုန်သည်များ က သုံးသပ်ကြသည်။

ပြီးခဲ့သည့်နှစ် တရုတ်နှစ်သစ်ကူးအချိန်တွင် စျေးနှုန်းများ ကျလေ့ရှိသော်လည်း နှစ်ပတ်ခန့်သာ နှစ်သိန်း အောက်သို့ ကျဆင်းသွားပြီး အဝယ်လိုက်လာ၍ ယခုပြန်လည်မြင့်တက်လာခြင်း ဖြစ်ကြောင်း ပို့ကုန်နှမ်းကုန်သည်တစ်ဦး ကပြောသည်။

တရုတ်နိုင်ငံမှနှမ်းနက်အဝယ်လိုက်နေ၍ဈေးကောင်းရ

“ဆောင်းနှမ်းစပေါ်ပြီးသီးနှံတွေ စပေါ်ချိန်ကတော့ နှမ်းစျေးက နှစ်ပတ်လောက်ကျသွားတယ်။ အခုက စျေးပြန်တက်နေတယ်။ အခု နှစ်သိန်းအပေါ်မှာရှိတယ်။ ပြီးခဲ့နှစ်နဲ့ယှဉ်ရင် စျေးကောင်းရတယ် ပြောလို့ ရတယ်။ ကိုဗစ်ကြောင့် လိုချင်တဲ့စျေးမရဘူး။ အခုက အဝယ်ကပိုများလာတယ်။ အထွက်ကလည်း တော်တော်နည်းတယ်။ ဒေါ်လာစျေးကလည်း မြင့်နေတော့ စျေးကတက်နေတာပါ။ နှစ်သိန်းအထက် ဖြစ်နေတယ်ဆိုတော့ ဒါက ဝယ်လိုအားနဲ့အဝင်မမျှလို့ ဖြစ်နေတယ်ထင်တယ်” ဟု ၎င်းကပြောသည်။

မိုးနှမ်းကုန်ချိန် ၂၀၂၁ ခုနှစ် ၁၁ လပိုင်းက နှမ်းစျေးမှာ ၄၅ ပိဿာဝင် တစ်အိတ်လျှင် ၂၅၀၀၀၀ ထိ မြင့်တက်သွားပြီး ဆောင်းနှမ်းပေါ်ချိန်တွင် ၂၀၂၂ ခုနှစ် (၁)လပိုင်း ပထမပတ်က ၁၇၀၀၀၀ အထိ ပြန်ကျဆင်းသွားသည်။ လက်ရှိ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၂၁၀၀၀၀ မှ ၂၂၀၀၀၀ ထိ ပြန်ရောက်နေကြောင်း သိရပြီး အရည်အသွေး အချိန်နှင့်နေရာ လိုက်၍ စျေးနှုန်းများပြောင်းလဲ နိုင်ကြောင်းလည်း ကုန်သည်များကပြောသည်။

နှမ်းဖြူမှာ ၄၅ ပိဿာဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ ခန့်ရှိပြီး နှမ်းဖြူမှာ အတက်အကျသိပ်မရှိကြောင်း ကုန်သည်များထံမှသိရသည်။

ပြည်တွင်းတွင် ပုံမှန် နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင်တန်ချိန် ၆သိန်းမှ ၈သိန်း ထိ ထွက်လေ့ရှိပြီး လက်ရှိအခြေအနေများနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ထွက်နှုန်းလည်း လျော့လျှက်ရှိကြောင်း ပြည်တွင်းနှမ်းကုန်သည်များ ကပြောသည်။

မြန်မာ့နှမ်းကို တရုတ်နိုင်ငံ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိပြီး ယခုအခါ တရုတ်နိုင်ငံ တစ်ခုတည်းသာ အာထားတင်ပို့နေရကြောင်း ကျန်နိုင်ငံများသို့တင်ပို့ရန် အခက်အခဲ များစွာရှိနေကြောင်းလည်းသိရသည်။

ရွှေနွယ်ကြိုး

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/9acfeb4a7a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:47 下午
下一篇 2月 23, 2022 2:48 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....