အင်ကြင်းကျောက်စျေးကွက်အွန်လိုင်းမှရောင်းချနေရ

အင်ကြင်းကျောက်အလှဆင်စျေးကွက်မှ အဆောင်နှင့်ကျန်းမာရေး၊ အလှအပသုံးပစ္စည်းများ အွန်လိုင်းမှ ပုံမှန်ရောင်းချနေရ

အင်ကြင်းကျောက်စျေးကွက်အွန်လိုင်းမှရောင်းချနေရ

စစ်ကိုင်းတိုင်းဒေသကြီးထွက် အင်ကြင်းကျောက်အလှဆင်စျေးကွက်မှ အဆောင်နှင့်ကျန်းမာရေး၊ အလှအပသုံးပစ္စည်းများ အွန်လိုင်းမှ ပုံမှန်ရောင်းနေရကြောင်း သိရသည်။

“အွန်လိုင်းမှာက အဆောင် လာဘ်ခေါ်လိပ်လေးတွေ၊ အန္တရာယ်ကင်း သံလျက်လေးတွေ၊ မိန်းကလေးသုံး မျက်နှာနှိပ်အပြားလေးတွေ၊ မျက်နှာသုံးပုတီးအရှည်ကိုင်းတတ်ပစ္စည်းတွေ၊ လေဖြတ်တဲ့သူတွေ အကြောကောင်းချင်သူတွေသုံးတဲ့ အင်ကြင်းကျောက်အလုံးတွေ (လက်လှိမ့်လုံး)၊ ခန္ဓာကိုယ်နှိပ်တဲ့ တစ်ထွာရှည်တဲ့ အနှိပ်တံတွေရောင်းနေရပါတယ်။ ပုံမှန်ရောင်းနေရပါတယ်” ဟုမုံရွာမြို့ KSM အင်ကြင်းကျောက်နှင့် ဒေသထွက်ကျောက်မျက်အမျိုးမျိုး လက်မှုပစ္စည်းနှင့် အလှဆင်ရတနာထုတ်လုပ်ရေး ပိုင်ရှင် ဦးဆန်းမိုးအောင် ကပြောသည်။

အင်ကြင်းကျောက်စျေးကွက်အွန်လိုင်းမှရောင်းချနေရအင်ကြင်းကျောက်စျေးကွက်အွန်လိုင်းမှရောင်းချနေရအင်ကြင်းကျောက်စျေးကွက်အွန်လိုင်းမှရောင်းချနေရ

အဆောင်လိပ် ၉ ကောင် တစ်စုံလျှင် ကျပ် ၁၅၀၀၀ နှင့် ၂၀၀၀၀၊ သံလျက်တစ်ချောင်း ၅၀၀၀ ကျပ်၊ မျက်နှာနှိပ်အပြား ကျပ် ၈၀၀၀ မှ ၁၂၀၀၀၊ အနှိပ်တံတစ်ချောင်း ကျပ် ၂၀၀၀ မှ ၅၀၀၀၊ လက်လှိမ့်လုံးတစ်လုံး ကျပ်၄၀၀၀ မှ ၈၀၀၀ ရောင်းနေရကြောင်းသိရသည်။

အင်ကြင်းကျောက်အလှဆင်စျေးကွက်မှ ကျားရုပ်၊ ဆင်ရုပ်၊ ကော်ဖီခွက်၊ ဆေးလိပ်ခွက် စသည့် လက်ဆောင်ပေးပစ္စည်း၊ အလှဆင်ပစ္စည်းများသည် ပုံမှန်ထက် ရောင်းအားကျနေပြီး မြေပြင်ဆိုင်ဖွင့်ရောင်းချနေသူများအနေဖြင့် ခရီးသွားဧည့်သည်နည်းသည့်အတွက် ရောင်းအားကျနေကြောင်း သိရသည်။

“ကုန်ကြမ်းအနေနဲ့ ကျွန်တော့်ဆီမှာ ၁၀နှစ်လောက်လုပ်လို့ရတဲ့အထိ စုဆောင်းထားပြီးဖြစ်တဲ့အတွက် ပထမကိုဗစ်ဖြစ်တော့ အဝယ်ရပ်လိုက်တာ အခုအထိပါ။ ကုန်ကြမ်းက အခုလိုရင် အခုရတဲ့အနေအထားမှာ ရှိပါတယ်” ဟု ဦးဆန်းမိုးအောင်ကပြောသည်။

စျာန်ထူးကို

  •  

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/c45efd346a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:39 下午
下一篇 2月 23, 2022 2:41 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....