COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦးတွေ့

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦးတွေ့ရပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၈၂) ရာခိုင်နှုန်း ရှိ

COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦးတွေ့

ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရဓာတ်ခွဲနမူနာ စုစုပေါင်း (၃၇,၄၃၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃,၃၀၃) ဦး တွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၈.၈၂) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၉၀၇,၅၀၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၆၅,၆၆၇) ဦးရှိပြီ ဖြစ်သည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၃၀) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၂၃,၆၃၀) ဦး ဆေးရုံမှ ဆင်းခွင့် ရရှိပြီး ဖြစ်ပြီး ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ(၄)ဦး ရှိသဖြင့် သေဆုံးသူ စုစုပေါင်း (၁၉,၃၃၁) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် (၁၉-၂-၂၀၂၂) ရက်နေ့အထိ လူဦးရေ စုစုပေါင်း (23,334,797) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံ ပြီးစီးသူ (20,616,499) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (2,718,298) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ရှမ်းချန်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/24/e3c981d931/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:54 下午
下一篇 2月 28, 2022 1:42 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....