နိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေ

နိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေခြင်းနှင့်အတူ ပြည်တွင်း ပဲ၊နှမ်းမျိုးစုံ ဆက်လက်မြင့်တက်လျှက်ရှိ

နိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေ

ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းပဲ၊နှမ်းဈေးကွက်မှာ နိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေခြင်း နှင့်အတူ ပြည်တွင်း ပဲ၊နှမ်းမျိုးစုံ ဆက်လက် မြင့်တက်လျှက်ရှိရာ တောင်သူ အကျိုးဖြစ်ထွန်းသည့် ပဲ၊နှမ်းဈေးကွက် ဖြစ်လာကြောင်း သိရသည်။

ပြည်တွင်းပဲ၊နှမ်းဈေးကွက်မှာ ဖေဖော်ဝါရီလကုန်ပိုင်းရက်များမှ စတင်က ဈေးမြင့်တက်လာပြီး မတ်လဆန်းပိုင်းတွင် ပဲအမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျော် ဆက်လက်မြင့်တက် အဝယ်သွက်နေကြောင်း၊ ယခုနှစ် အသစ်ဝင် ပဲရာသီစတင်ကာ ဈေးနှုန်းမြင့်တက်နေပြီး လက်ရှိတွင် ပို့ကုန်သမားများ ဝယ်လိုအားများသလို ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်နေသော်လည်း FOB အဝယ်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် လက်ရှိဈေးကွက် အခြေအနေမှာ တောင်သူအကျိုးပိုမို ဖြစ်ထွန်းသည့် နှစ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံး ပဲ များ၊ မြေပဲများ၊ ပဲမာလိုင်းများ ပါ လိုက်ပါဈေးမြင့်တက်နေကြောင်း၊ တရုတ်ဝယ်လက်၊ အိန္ဒိယဝယ်လက်၊ ပြည်တွင်းစက်ပိုင်များ ဝယ်လက် အစုံဖြင့် အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

နိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေနိုင်ငံခြားပို့ကုန် ပဲ လိုအပ်ချက် မြင့်မားနေ

“ပို့ကုန်ပဲတွေက FOB အဝယ်ဈေး မြင့်တက်လို့ ပို့ကုန်ပဲတွေ အကုန်ဈေးမြင့်တက်လာတယ်။ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၃၂၀၀၀ ထိ ဈေးတက်လာတယ်။ မတ်ပဲဆိုရင် အရင်ပတ်ထက် တစ်အိတ် ကျပ် ၁၀၀၀၀  ဈေးတက်လာတော့ တစ်အိတ်ကျပ် ၁၃၁၀၀၀ ဈေးထိဖြစ်လာတယ်။ ပြည်တွင်းသုံး ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၅၀၀၀ လောက် ဈေးတက်လာတယ်။ ယူကရိန်း-ကနေဒါ စားတော်ပဲတွေ ဝင်ရောက်မှုမရှိတော့ ကျွန်းစားတော်ပဲတွေ ဈေးမြင့်တက်လာတယ်။ အခြားပဲမာလိုင်းတွေလည်း  အမျိုးအစားအလိုက် ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ကျော်ဈေးမြင့်တက်လာတယ်။ မြေပဲဆံလိုင်းမှာလည်း တရုတ်ဝယ်လက်နဲ့ ပြည်တွင်း ဆီစက်ပိုင်တွေ အဝယ်ဆုံနေတော့ တစ်ပိသာကျပ် ၂၀၀-၃၀၀ လောက် ဈေးဆက်မြင့်တက်လာတယ်။ လက်ရှိမှာ ပြည်တွင်းပဲ၊နှမ်းဈေးကွက် ဈေးမြင့်တက်နေတာက တောင်သူတွေ အဆင်ပြေတဲ့နှစ်လို့ ပြောလို့ရတယ်။ တောင်သူလက်ထဲမှာ ပစ္စည်းရှိသေးချိန်ဖြစ်ပါတယ်။ အရင်နှစ်တွေလို တောင်သူဆီမှာ မရှိတော့မှ ဈေးတက်လာတာမျိုးမဟုတ်ပါဘူး” ဟု၎င်းကပြောသည်။

ပို့ကုန်သမားများ ဝယ်လိုအား မြင့်တက်လာခြင်း ပို့ကုန်ပဲ အမယ်အလိုက် FOB အဝယ်ဈေး မြင့်တက်လာတာကြောင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီးစိမ်းဈေးကွက်မှာ မတ်လဆန်းပိုင်းတွင် သိသိသာသာ ဈေးမြင့်တက်လာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံမှာလည်း မြန်မာပြည်မှတင်သွင်းသည့် မတ်ပဲဈေး ၊ပဲ စင်းငုံဈေးမှာ မြင့်တက်လျှက်ရှိသည်။

ပြည်တွင်း စားအုန်ဆီ ဈေး စံချိန်တင်မြင့်တက်လာတာနှင့်အတူ မြေပဲဆံ ဈေးကွက်မှာ တရုတ်ဝယ်လက် ပြည်တွင်း ဆီစိုက်ပိုင်များ အဝယ်ဆုံနေတာကြောင့် မတ်လ ၂ ရက်နေ့တွင် မြေပဲဆံ အမျိုးအစားအလိုက် တစ်ပိသာကျပ် ၂၀၀-၄၀၀ ထိထူးထူးခြားခြားဈေးကောင်းနေသည်။  နှမ်းနက်မှာမူ တောင်သူလက်ကျန်မရှိ အဝင်မရှိတော့တာကြောင့် မတ် ၂ရက်နေ့တွင်  နှမ်းနက် ထိပ်စ တစ်အိတ်ကျပ် ၂၁၅၀၀၀ ထိဈေးမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/06/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%95%e1%80%b2-%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 6, 2022 8:29 上午
下一篇 3月 9, 2022 9:08 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....