လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် တရုတ်ပို့ကုန်ပဲ၊ ပဲတီစိမ်းနှင့် မြေပဲဆန်များ ဈေးကျပြီး အဝယ်ရပ်နေ
အိန္ဒိယပို့ကုန်ပဲနှစ်မျိုးဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကောင်းပြီး အဝယ်လိုက်နေသော်လည်း တရုတ်ပို့ကုန် ပဲ၊ ပဲတီစိမ်းနှင့် မြေပဲဆန်တို့မှာ ဈေးကျကာ အဝယ်ရပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
တရုတ်ပို့ကုန် ပဲတီစိမ်းမှာ လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ဈေးကွက်တွင်း အဝယ်အေးနေပြီး ဈေးကျဆင်းနေရာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀-၁၅၅၀၀၀ သာ ပေါက်ဈေးရှိနေသည်။
“ပို့ကုန်ပဲနှစ်မျိုးပဲ ဈေးကောင်းနေပါတယ်။ ပဲစင်းငုံ သုံးတင်းဝင် တစ်အိတ် ငွေကျပ် ၂၀၅၀၀၀ ပေါက်ဈေး၊ မတ်ပဲဈေးကတော့ ၁၉၅၀၀၀-၂၀၀၀၀၀ ပေါက်ဈေး ရှိပါတယ်။ တရုတ်လိုင်းက ပဲတီ စိမ်း၊ မြေပဲဆန်တို့ကတော့ ဈေးအေးနေတယ်။ အသစ်ဝင် မြေပဲဆန် ရှယ်စမှာ တစ်ပိဿာ ငွေကျပ် ၆၀၀၀ ခန့်သာ ပေါက်ဈေးရှိတယ်။ အသစ်ဝင်ရောက်မှု အနည်းအများနှင့်မဆိုင်ဘဲ တရုတ်ဝယ်လက်မရှိ ဖြစ်နေပါတယ်။ ကုလားပဲအုပ်စုနဲ့ ပဲမာလိုင်းများလည်း ဈေးအေးနေပါတယ်။ ဈေးကျဆင်းမှုတော့ မရှိပါဘူး။ ပဲဈေးကွက်တစ်ခုလုံးမှာ မတ်ပဲနှင့် ပဲစင်းငုံကလွဲ၍ ကျန်ပဲများ ဈေးအေးနေတယ်။ ပဲစင်းငုံ၊ မတ်ပဲမှာ အိန္ဒိယဝယ်လိုအားကောင်းနေခြင်း ဒေါ်လာငွေ လဲလှယ်မှု မြင့်မားနေခြင်းကြောင့် ဈေးကောင်း ရရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
အိန္ဒိယပို့ကုန် ပို့ကုန်၊ မတ်ပဲနှင့် ပဲစင်းငုံတို့မှာ ဝယ်လိုအား ကောင်းနေခြင်း၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း မြင့်မားနေခြင်းတို့ကြောင့် ဈေးကောင်းပြီး အဝယ်လိုက်နေသော်လည်း ပြည်တွင်း ပဲ၊ နှမ်းများ ဈေးအေးနေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။
ရွှေနွယ်ကြိုး
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/09/24/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%95%e1%80%b2%e1%81%8a%e1%80%95%e1%80%b2%e1%80%90%e1%80%ae%e1%80%85%e1%80%ad/