(၇-၂-၂၀၂၂)ရက်နေ့COVID-19အတည်ပြုလူနာသစ်(၅၀၈)ဦးတွေ့ရှိ

(၇-၂-၂၀၂၂) ရက်နေ့တွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅၀၈) ဦး တွေ့ရှိ

(၇-၂-၂၀၂၂)ရက်နေ့COVID-19အတည်ပြုလူနာသစ်(၅၀၈)ဦးတွေ့ရှိ

 

 (၇-၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီထုတ်ပြန်ချက်အရ ပြီးခဲ့သည့် (၂၄)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၄,၈၃၆) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၅၀၈) ဦး တွေ့ရှိရပြီး ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၀၅) ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၈,၄၀၉) ဦး ရှိပြီ ဖြစ်ပြီး ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁၄၇) ဦးရှိသဖြင့် ယနေ့အထိ စုစုပေါင်း (၅၁၄,၂၂၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကာ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦး ရှိသည်။

COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်ပြီး (၅-၂-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၂,၃၈၉,၂၉၉) ဦးအား ထိုးနှံပေးပြီးဖြစ်ရာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၁၉,၂၁၃,၆၇၈) ဦး နှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၃,၁၇၅,၆၂၁) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကိုခန့်

 

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/02/23/7fa8d6cdf7/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 23, 2022 2:44 下午
下一篇 2月 23, 2022 2:46 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....