စက်သုံးဆီ လောင်စာဆီဆက်လက် မြင့်တက်နိုင်ဖွယ်ရှိ

Summary : ပြည်တွင်းဈေးကွက်အတွင်း အောက်တိန်းလောင်စာဆီဈေးနှုန်းသည် မတ်၉ ရက်နေ့တွင် တစ်လီတာ ကျပ် ၂၁၆၀ အထိ မြင့်တက်လာကြောင်း မန္တလေးမြို့ စက်သုံးဆီအရောင်းဆိုင်များ စျေနှုန်းများအရသိရသည်။

စက်သုံးဆီ လောင်စာဆီ တစ်လီတာ ကျပ် ၂၀၀၀ ကျော်ထိမြင့်တက်လာပြီး ဆက်လက် မြင့်တက်နိုင်ဖွယ်ရှိ

စက်သုံးဆီ လောင်စာဆီဆက်လက် မြင့်တက်နိုင်ဖွယ်ရှိ

ပြည်တွင်းဈေးကွက်အတွင်း အောက်တိန်းလောင်စာဆီဈေးနှုန်းသည် မတ်၉ ရက်နေ့တွင် တစ်လီတာ ကျပ် ၂၁၆၀ အထိ မြင့်တက်လာကြောင်း မန္တလေးမြို့ စက်သုံးဆီအရောင်းဆိုင်များ စျေနှုန်းများအရသိရသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှာလည်း လောင်စာဆီဈေးနှုန်းက အနီးအဝေး သယ်ယူပို့ဆောင်ခအပေါ် မူတည်ပြီး အမြင့်ဆုံးတစ်လီတာပေါက်ဈေး ကျပ် ၂၃၀၀ အထိ ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက နိုင်ငံရေးအပြောင်းအလဲ  ဖြစ်စဉ်နောက်ပိုင်းတွင် ၄ဆ ခန့်  ဈေးနှုန်းအမြင့်ဆုံးကို မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဆက်လက် မြင့်တက်လာနိုင်ဖွယ် ရှိနေကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

စက်သုံးဆီ လောင်စာဆီဆက်လက် မြင့်တက်နိုင်ဖွယ်ရှိ

နိုင်ငံခြားငွေ(ကန်ဒေါ်လာ) လဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ အထိ ရောက်ရှိလာခဲ့ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့်အတူ နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာခြင်းတို့က ပြည်တွင်းစက်သုံးဆီဈေးကို အမြင့်ဆုံးသို့ ရောက်ရှိလာစေရန် တွန်းအားပေးခြင်းမျိုး ဖြစ်နေကြောင်း ဆီကုန်သည်များကပြောသည်။

ထိုသို့ စက်သုံးဆီစျေးများ မြင့်တက်မှုကြောင့် ပြည်တွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ကုန်တင်ယာဥ်များ အပါအဝင် လယ်ယာဝန်ဆောင်မှု စက်မှုလယ်ယာဝန်ဆောင်မှုများပါ လိုက်ပါစျေးမြင့်တက်လာရာ နွေစပါးစိုက်တောင်သူများ အနေဖြင့် မြေပြင်စရိတ်များ ယခင်နှစ်များထက် တစ်ဧက ကျပ် နှစ်သောင်းကျော် စျေးမြင့်တက်လာကြောင်း တောင်သူများထံမှသိရသည်။

“မနှစ်က မြေပြင်ထွန်ယက်ခက တစ်ဧက နှစ်ပြန်မောင်းမှ ကျပ် ၃၅၀၀၀ ပဲပေးရတာ။ ဒီနှစ်ကျပ် ၅၅၀၀၀ ကို လက်ငင်းပေးမှ လာမောင်းတော့တယ်” ဟု ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးချစ်ဝင်းကပြောသည်။
စက်သုံးဆီစျေးမြင့်တက်မှုနှင့်အတူ အခြား သွင်းအားစု လုပ်သားခ သယ်ယူစရိတ်များပါ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးစရိတ် အရင်းအနှီးလည်း ထပ်မံ မြင့်တက်လာကြောင်း တောင်သူများထံမှသိရသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီတင်သွင်းမှုသည် နှစ်စဉ်တန်ချိန် ၆ သန်းခန့် တင်သွင်းနေပြီ လက်ရှိစျေးနှုန်းမှာ တစ်နှစ်ကျော်ကာလအတွင်း စက်သုံးဆီစျေး ၄ဆ ခန့်မြင့်တက်လာခြင်းဖြစ်သည်။

ရွှေနွယ်ကြိုး

Original works by baobo@PaukPhaw Network: http://www.paukphaw.org/2022/03/10/%e1%80%85%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ae-%e1%80%9c%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%ac%e1%80%86%e1%80%ae%e1%80%86%e1%80%80%e1%80%ba%e1%80%9c/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 10, 2022 3:32 下午
下一篇 3月 10, 2022 3:35 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....