မြန်မာတံငါသည်တစ်ဦးအားတရုတ်သင်္ဘောတစ်စီးကကယ်ဆယ်

Summary : ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်တွင် ရေထဲပြုတ်ကျ မျောပါသွားသည့် မြန်မာနိုင်ငံသား တံငါသည်အမျိုးသားတစ်ဦးကို SITC Logistics Myanmar Co., Ltd တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ “Pacific Grace” ကွန်တိန်နာသင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ပင်လယ်တွင် မျောပါနေသည့် မြန်မာတံငါသည်တစ်ဦးအား တရုတ်သင်္ဘောတစ်စီးက တွေ့ရှိ ကယ်ဆယ်

မြန်မာတံငါသည်တစ်ဦးအားတရုတ်သင်္ဘောတစ်စီးကကယ်ဆယ်

ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်တွင် ရေထဲပြုတ်ကျ မျောပါသွားသည့် မြန်မာနိုင်ငံသား တံငါသည်အမျိုးသားတစ်ဦးကို SITC Logistics Myanmar Co., Ltd တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ “Pacific Grace” ကွန်တိန်နာသင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတံငါသည်အမျိုးသားအား ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လုံခြုံဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ၎င်းအား မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာသို့ လွှဲပြောင်းပေးခဲ့ရာ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိသွားပြီ ဖြစ်ကြောင်း ရွှေဇာမဏီတရုတ်သတင်းဌာန၏ သတင်းအရ သိရသည်။

မြန်မာတံငါသည်တစ်ဦးအားတရုတ်သင်္ဘောတစ်စီးကကယ်ဆယ်

သက်ဆိုင်ရာ ပြောကြားချက်များအရ ဧပြီ ၂၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ Port Klang သို့ သွားရာ လမ်းခုလတ်တွင် ၊ SITC Logistics Myanmar “2211N” ကုန်သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာ ပင်လယ်တွင် ပြုတ်ကျ မျောပါသွားသည့် မြန်မာနိုင်ငံသား ကိုစိုးဝင်းဇော်အား တွေ့ရှိပြီး အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အရေးပေါ်ကယ်ဆယ်ကုသမှုများ ကူညီဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ကိုစိုးဝင်းဇော်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။

ကိုစိုးဝင်းဇော်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းတွင် နေထိုင်သည့် တံငါသည်တစ်ဦး ဖြစ်ကြောင်း ၊ ငါးဖမ်းသင်္ဘောပေါ်မှ ပင်လယ်ထဲသို့ မတော်တဆ ပြုတ်ကျခဲ့ပြီး ပင်လယ်ထဲတွင် ၅ ရက်ခန့် မျောနေခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာတံငါသည်တစ်ဦးအားတရုတ်သင်္ဘောတစ်စီးကကယ်ဆယ်မြန်မာတံငါသည်တစ်ဦးအားတရုတ်သင်္ဘောတစ်စီးကကယ်ဆယ်

ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးမူဝါဒ သက်ဆိုင်ရာသတ်မှတ်ချက်များအရ ကိုစိုးဝင်းဇော်သည် ရန်ကုန်တွင် ရက်သတ္တပတ် တစ်ပတ်ကြာ ကွာရန်တင်း ဝင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိပါက ကွာရန်တင်းကာလပြီးနောက် နေရပ် မိသားစုရှိရာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2022/04/29/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%90%e1%80%b6%e1%80%84%e1%80%ab%e1%80%9e%e1%80%8a%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%a6%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%90/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 4月 27, 2022 3:26 下午
下一篇 4月 29, 2022 11:31 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....